Connect with us

Hi, what are you looking for?

News

မူးမြစ်အနီးရွာများအား စစ်​ကြောင်းထိုးရန်လာသည့် အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃၀ဦးခန့် ​သေဟုဆို

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် ကျောင်းရှေ့၌ စစ်သားများစွာ စုပြုံနေသည့်အချိန် မိုင်းပေါက်ကွဲကာ မိမိရရထိသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားချက်ကို ကိုးကား၍ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

People's Spring
People's Spring

အရာတော်-ဝက်လက်နယ်ရှိ မူးမြစ်တဝိုက်ရွာများ
အား စစ်ကြောင်းထိုးရန်လာ​ရောက်သည့် အကြမ်းဖက်စစ်တပ်မှာ ၎င်းတို့တပ်စွဲရန်လာသော နေရာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃၀ဦးခန့်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီကျော်က အရာတော်အရှေ့နယ်နှင့် ဝက်လက်နယ်အနောက်ခြမ်းမှ မူးမြစ်အနီး ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းနှစ်ခွဲ၍ ဝင်ရောက်လာခဲ့သည်။

စစ်​ကောင်စီ၏ ခြေလျင်စစ်သား အင်အား ၁၀၀ကျော်ရှိပြီး ယူနီဖောင်းဝတ်လက်နက်တပ်ဆင်ပေးထားသော ဒေသခံပျူစောထီးများလည်း ပါဝင်သည်ဟုဆိုသည်။

ထို့နောက် ယနေ့ ညနေပိုင်းက တည်တောကျေးရွာစာသင်ကျောင်းတွင် တပ်စွဲရန်အလာ ကျောင်းရှေ့အရောက်တွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် ကျောင်းရှေ့၌ စစ်သားများစွာ စုပြုံနေသည့်အချိန် မိုင်းပေါက်ကွဲကာ မိမိရရထိသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားချက်ကို ကိုးကား၍ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုက ဆောင်ရွက်ခဲ့တာပါ။ သူတို့က အရာတော် အရှေ့ခြမ်း၊အနောက်ခြမ်းကို ခွဲပြီး ထိနေတာ။အဲဒါကြောင့် သူတို့လမ်းကြောင်းတွေကို စောင့်ကြည့်ပြီး ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်တာ။
ခွဲတာပဒေသာမိုင်းနဲ့ အတွဲလိုက်မိသွားတာပါ။ အနည်း ဆုံးအသေ၃၀ လောက်ရှိမယ်။ အလောင်းတွေတောင် ပြန်ကောက်မပို့နိုင်ဘူး”ဟု ARAမှ ဗိုလ်ပေါက်စီက ပြောသည်။

အရာတော်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာနောက်ဆုံးပတ်ကစ၍ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲကရွှေလှံရွာမှာ သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် မူးမြစ်ရေကြီးနေပြီး ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါ ပြီး ပျောက်ဆုံးနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။