Connect with us

Hi, what are you looking for?

News

တပ်နှင့် ရဲ CDM အကြောင်းဖော်ပြသည့် ပြည်သူ့ရင်ခွင် သတင်းလွှာ စတင်မိတ်ဆက်

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို တပ်မတော်သား ၁၅ဦး ထပ်မံ ပူးပေါင်းသာသည့် သတင်း၊ စစ်မြေပြင်ရှိ အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားတစ်ဦး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)သို့ ပူးပေါင်း လာသည့် သတင်းများလည်း ပါရှိသည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ပြည်သူ့စစ်သားများနှင့် ပြည်သူ့ရဲများ အကြောင်းကို ဖော်ပြထားသည့် “ပြည်သူ့ရင်ခွင် – People’s Embrace” အဖွဲ့၏ သတင်းလွှာကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။

အခမဲ့ ဖြန့်ဝေသည့် ပြည်သူ့ရင်ခွင် သတင်းလွှာ အတွဲ(၁)၊ အမှတ်(၁) တွင် နိုဝင်ဘာ ဒုတိယပတ်အတွင်း သတင်းများကို စုစည်းဖော်ပြထားသည်။

အဆိုပါ သတင်းလွှာတွင် ဘက်ပြောင်းလာတဲ့ တပ်မတော်သားများသည် မြန်မာ စစ်တပ် အုပ်ချုပ်ရေးအတွက် ကြီးစွာသော ထိုးနှက်ချက် ဖြစ်သည် ဆိုသော ခေါင်းစဉ်ဖြင့် ထွက်ပေါ်လာသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာခြင်းနှင့် ပတ်သက်သော သုတေသန စာတမ်းအကြောင်းကို ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် CDM ပြုလုပ်လာသည့် ဒုတပ်ကြပ်မင်းမင်းထိုက်က စစ်သားများအနေဖြင့် ငတ်ပြတ်လျက် အာဏာရူးမိသားစုကို ကာကွယ်နေမည့်အစား စစ်အာဏာရှင် စနစ် ပျောက်ဆုံးသည့်အထိ တိုက်ထုတ်ရန် တိုက်ထွန်းထားသည့် သတင်းကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို တပ်မတော်သား ၁၅ဦး ထပ်မံ ပူးပေါင်းသာသည့် သတင်း၊ စစ်မြေပြင်ရှိ အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားတစ်ဦး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)သို့ ပူးပေါင်း လာသည့် သတင်းများလည်း ပါရှိသည်။

အဆိုပါ သတင်းလွှာတွင် တစ်ပတ်အတွင်း ပြည်သူ့ရင်ခွင့်သို့ တပ်သား ၃၂ဦး၊ ရဲ ၃၄ဦး ဆက်သွယ်လာမှု အခြေအနေကိုလည်း ဖော်ပြထားသည်။

ထို့ပြင် ပြည်သူ့ရင်ခွင့် သတင်းလွှာသို့ ကဗျာ၊ ဆောင်းပါ စသည့် စာမူများပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ပြည်သူ့ရင်ခွင်အဖွဲ့ကို တပ်နှင့် ရဲ CDMများ၊ ပြည်သူများ နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်း အပါအဝင် CDM ကုဒ်ထုတ်ပေးခြင်း လုပ်ငန်းများကို “ပြည်သူ့ရင်ခွင် – People’s Embrace” တစ်ဖွဲ့တည်းကသာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စိစစ်ဆောင်ရွက်နေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။