Connect with us

Hi, what are you looking for?

News

တပ်နှင့် ရဲ CDM အကြောင်းဖော်ပြသည့် ပြည်သူ့ရင်ခွင် သတင်းလွှာ စတင်မိတ်ဆက်

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို တပ်မတော်သား ၁၅ဦး ထပ်မံ ပူးပေါင်းသာသည့် သတင်း၊ စစ်မြေပြင်ရှိ အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားတစ်ဦး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)သို့ ပူးပေါင်း လာသည့် သတင်းများလည်း ပါရှိသည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ပြည်သူ့စစ်သားများနှင့် ပြည်သူ့ရဲများ အကြောင်းကို ဖော်ပြထားသည့် “ပြည်သူ့ရင်ခွင် – People’s Embrace” အဖွဲ့၏ သတင်းလွှာကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။

အခမဲ့ ဖြန့်ဝေသည့် ပြည်သူ့ရင်ခွင် သတင်းလွှာ အတွဲ(၁)၊ အမှတ်(၁) တွင် နိုဝင်ဘာ ဒုတိယပတ်အတွင်း သတင်းများကို စုစည်းဖော်ပြထားသည်။

အဆိုပါ သတင်းလွှာတွင် ဘက်ပြောင်းလာတဲ့ တပ်မတော်သားများသည် မြန်မာ စစ်တပ် အုပ်ချုပ်ရေးအတွက် ကြီးစွာသော ထိုးနှက်ချက် ဖြစ်သည် ဆိုသော ခေါင်းစဉ်ဖြင့် ထွက်ပေါ်လာသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာခြင်းနှင့် ပတ်သက်သော သုတေသန စာတမ်းအကြောင်းကို ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် CDM ပြုလုပ်လာသည့် ဒုတပ်ကြပ်မင်းမင်းထိုက်က စစ်သားများအနေဖြင့် ငတ်ပြတ်လျက် အာဏာရူးမိသားစုကို ကာကွယ်နေမည့်အစား စစ်အာဏာရှင် စနစ် ပျောက်ဆုံးသည့်အထိ တိုက်ထုတ်ရန် တိုက်ထွန်းထားသည့် သတင်းကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို တပ်မတော်သား ၁၅ဦး ထပ်မံ ပူးပေါင်းသာသည့် သတင်း၊ စစ်မြေပြင်ရှိ အင်ဂျင်နီယာ တပ်ရင်းမှ တပ်သားတစ်ဦး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)သို့ ပူးပေါင်း လာသည့် သတင်းများလည်း ပါရှိသည်။

အဆိုပါ သတင်းလွှာတွင် တစ်ပတ်အတွင်း ပြည်သူ့ရင်ခွင့်သို့ တပ်သား ၃၂ဦး၊ ရဲ ၃၄ဦး ဆက်သွယ်လာမှု အခြေအနေကိုလည်း ဖော်ပြထားသည်။

ထို့ပြင် ပြည်သူ့ရင်ခွင့် သတင်းလွှာသို့ ကဗျာ၊ ဆောင်းပါ စသည့် စာမူများပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ပြည်သူ့ရင်ခွင်အဖွဲ့ကို တပ်နှင့် ရဲ CDMများ၊ ပြည်သူများ နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်း အပါအဝင် CDM ကုဒ်ထုတ်ပေးခြင်း လုပ်ငန်းများကို “ပြည်သူ့ရင်ခွင် – People’s Embrace” တစ်ဖွဲ့တည်းကသာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စိစစ်ဆောင်ရွက်နေသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

သတင်း

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။