Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဖြုံဘူးရွာမှဗိုလ်ချုပ်ရုပ်တုကိုလှဲပြီး​နေအိမ်များကိုဖျက်ဆီး

ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာတွင် နေအိမ်များ ဝင်ရောက် မွှေနှောက်ရှာဖွေနေကြောင်း၊ ရေလယ်ကျွန်းရှိကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖြုံဘူးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာရှိ ဗိုလ်ချုပ်ရုပ်တုအား လှဲသွားခဲ့ပြီး နေအိမ်များအားဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂ဝ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူဒလန်အဖွဲ့များရောက်ရှိလာပြီး သေနတ်များပစ်ဖောက်ခဲ့ကြကြောင်း၊ ပြီးနောက် ဖြုံဘူးကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်ထုကိုလှဲပစ်ခဲ့ကြပြီး ရိပ်သာကျောင်းနှင့် နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဝင်ရောက်ဖျက်ဆီးခံရသည့်ရိပ်သာကျောင်းနှင့် နေအိမ်များအတွင်းမှ တန်ဖိုးကြီးပစ္စည်းများလည်း ယူဆောင်သွားကြကြောင်း ဒေသခံများကပြောသည်။

ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာတွင် နေအိမ်များ ဝင်ရောက် မွှေနှောက်ရှာဖွေနေကြောင်း၊ ရေလယ်ကျွန်းရှိကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။