Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းဟာ ဘားအံ-လှိုင်းဘွဲလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဒီကနေ့မနက်ပိုင်းက လှိုင်းဘွဲမြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖွင့်လှစ်ဖို့ သွားရောက်ခဲ့တာဖြစ်ပြီး လှိုင်းဘွဲကနေ ဘားအံအပြန်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကားနှစ်​လောက်ထိခိုက်နိုင်ပြီး လက်ရှိမှာ ဘားအံမြို့အထွက်နေရာကနေ လှိုင်းဘွဲမြို့အထိ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးတာတွေ ပိုမိုတင်းကြပ်စွာလုပ်ဆောင်လျက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။