Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းဟာ ဘားအံ-လှိုင်းဘွဲလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုကတော့ မသိရသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဒီကနေ့မနက်ပိုင်းက လှိုင်းဘွဲမြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖွင့်လှစ်ဖို့ သွားရောက်ခဲ့တာဖြစ်ပြီး လှိုင်းဘွဲကနေ ဘားအံအပြန်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကားနှစ်​လောက်ထိခိုက်နိုင်ပြီး လက်ရှိမှာ ဘားအံမြို့အထွက်နေရာကနေ လှိုင်းဘွဲမြို့အထိ စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးတာတွေ ပိုမိုတင်းကြပ်စွာလုပ်ဆောင်လျက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။