Connect with us

Hi, what are you looking for?

News

မုံရွာမှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းနှစ်ခု မီးရှို့ဖျက်ဆီးခံရ​သော်လည်းတပ်ဖွဲ့ဝင်များလွတ်မြောက်

“ရွာတွေကပြည်သူတွေရဲ့ ​ဆိုင်ကယ်တွေ ၁၅စီးမကဘူးသိမ်းသွားတယ်။ တစ်ယောက်တစ်စီး စီးသွားကြတယ် “ဟု ဒေသခံတစ်ဦးက ​ပြောသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ တပ်ခွဲစခန်း နှင့် မဟာမိတ်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း MPDFက သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) နံနက် ၅ နာရီခန့်က မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာ၊ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာ ၊ပလ္လင်ကျေးရွာများသို့ စစ်ကား၁၂စီးဖြင့် ဝင်ရောက်အကြမ်းဖက်ကာ အဆိုပါရွာများအနီးမှ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ​၏ တပ်ခွဲစခန်း နှင့် မဟာမိတ်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆိုင်ကယ် ​လေးစီးအပါအဝင် ကာလတန်ဖိုး သိန်း ၇၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ရဲဘော်များ ထိခိုက်ဒဏ်ရာရှိမှုနှင့် ဖမ်းဆီးခံရခြင်းမရှိကြောင်း MPDFက အသိပေးသည်။

ထို့အပြင် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးမှုများကြောင့် အဆိုပါကျေးရွာများမှ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက​ပြောသည်။

“ရွာတွေကပြည်သူတွေရဲ့ ​ဆိုင်ကယ်တွေ ၁၅စီးမကဘူးသိမ်းသွားတယ်။ တစ်ယောက်တစ်စီး စီးသွားကြတယ် “ဟု ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အနေဖြင့် ဒေသတွင်း တိုက်ပွဲများ ဆင်နွှဲလျှက်ရှိရာ ဒေသတွင်းပြည်သူလူထု ထိခိုက်မှုမရှိစေရေးမှာ မိမိတို့​၏ စောင့်သိလိုက်နာရမည့် စည်းမျဉ်းတခုအနေဖြင့် အလေးထားစောင့်သိလိုက်နာကြောင်း၊ သို့သော် အကြမ်းဖက် စစ်ကောင်စီ ​၏ ဖက်စစ် တပ်သားများသည် ပြည်သူလူထု​ ကိုစောင့်ရှောက်ရမည့်အစား အကြမ်းဖက် ၍ စော်ကား ၊အနိုင်ကျင့် ဖျက်ဆီး ခဲ့သည်များမှာ ရွံရွာစက်ဆုတ်ဖွယ် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အနေဖြင့် ထိုသို့ ရိုင်းစိုင်း အကြမ်းဖက် သည့် ဖက်ဆစ် စစ်ကောင်စီ တပ်သားများအား အမြစ်ဖြတ် ချေမှုန်းနိုင်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေး အတွက် အဆုံးတိုင် တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း MPDFက အသိပေးကြေညာ သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook