Connect with us

Hi, what are you looking for?

News

မန္တလေး ကမ်းနားလမ်း ကုန်စိမ်းဈေး မှာ ဈေးလာဝယ်တဲ့ စစ်ကား ဗုံးပစ်ခံရ

ကားထဲ ဗုံးထည့်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်လို့ သိထားရပေမယ့် အသေးစိတ်တော့မသိရသေးပါဘူး။

People's Spring
People's Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မြို့နယ် မြို့ပတ်လမ်း က ကုန်စိမ်းဈေးမှာ ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ကားဟာ ဒီနေ့မနက်ပိုင်း ၇ နာရီလောက်က ဗုံးပစ်ခံလိုက်ရပါတယ်။

ဗုံးနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ရာမှာ ဈေးအနီးက အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ကားထဲ ဗုံးထည့်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်လို့ သိထားရပေမယ့် အသေးစိတ်တော့မသိရသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ဈေးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မွှေနှောက်နေတာတွေလုပ်နေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။