Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး ကမ်းနားလမ်း ကုန်စိမ်းဈေး မှာ ဈေးလာဝယ်တဲ့ စစ်ကား ဗုံးပစ်ခံရ

ကားထဲ ဗုံးထည့်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်လို့ သိထားရပေမယ့် အသေးစိတ်တော့မသိရသေးပါဘူး။

People's Spring
People's Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်မြို့နယ် မြို့ပတ်လမ်း က ကုန်စိမ်းဈေးမှာ ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ကားဟာ ဒီနေ့မနက်ပိုင်း ၇ နာရီလောက်က ဗုံးပစ်ခံလိုက်ရပါတယ်။

ဗုံးနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ရာမှာ ဈေးအနီးက အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ကားထဲ ဗုံးထည့်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်လို့ သိထားရပေမယ့် အသေးစိတ်တော့မသိရသေးပါဘူး။

တိုက်ခိုက်ခံရတဲ့ဈေးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မွှေနှောက်နေတာတွေလုပ်နေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။