Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ပြည်သူနှင့်အတူ ပူးပေါင်းရန် နောက်ဆုံးအကြိမ်ပလက်၀ CDF သတိ​ပေး

ဆက်လက်ပြီး အကြမ်ဖက် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုပ်ရပ်များ လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးချက်၌ ဖော်ပြထားသည်။

အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင် အာဏာရှင်စနစ်ကို အားပေးအားမြှောက် ဖြစ်နေသည့် ဝန်ထမ်း(Non-CDMs) များ၊ အခြားသော ပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ကျရာ အခန်းကဏ္ဍမှ အမြန်ဆုံး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် နောက်ဆုံးအနေဖြင့် သတိပေးထုတ်ပြန်ကြောင်း ပလက်၀မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ ထုတ်ပြန်သည်။

ဆက်လက်ပြီး အကြမ်ဖက် စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုပ်ရပ်များ လုပ်ဆောင်နေပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးချက်၌ ဖော်ပြထားသည်။

တစ်နိုင်ငံလုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းနေချိန်တွင် ဒလန် ဟု ခေါ်သော အဖျက်အမှောက် အဟန့်အတား ဖြစ်စေရန် ပြုလုပ်နေသည့် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများကို မဆို ကန့်ကွက်ရှုတ်ချကြောင်းလည်း ပလက်၀ CDFက ထုတ်ပြန်ခဲ့သည်။

ပလက်၀ CDFကို ဧပြီ လကုန်ပိုင်းက ဖွဲ့စည်းထားခြင်ဖြစ်ပြီး ယခု နိုဝင်ဘာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ပလက်၀ မြို့နယ် ဆမီးဒေသသို့ ထိုးစစ်ဆင်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ပလက်၀ CDFက ခြုံခိုတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook