Connect with us

Hi, what are you looking for?

LuduNwayOo

News

ဦးပိုင်ကမြန်မာဘရူဝါရီကုမ္ပဏီဖျက်သိမ်းရန်​လျှောက်ထားမှုအ​ပေါ် ဂျပန်ကုမ္ပဏီ Kirin ကန့်ကွက်

ထိုအပြင် တရားရုံးသို့ကုမ္ပဏီဖျက်သိမ်းရန်လျှောက်ထားခြင်းသည် မြန်မာနိုင်ငံမှဥပဒေများနှင့်ပါသွေဖီနေသည်ဟု ဂျပန်ကုမ္ပဏီကဆိုသည်။အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီကို ဖျက်သိမ်းရန် အနောက်ပိုင်ခရိုင်တရားရုံးကို နိုဝင်ဘာ ၁၉ရက်က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်​လိမီတက်က မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးသို့ လျှောက်ထားမှုသည် လုပ်ငန်းသဘောတူညီချက်ကို ချိုးဖောက်နေပြီး မျှတမူမရှိဟုဆိုကာ ဂျပန်ဘီယာကုမ္ပဏီ Kirinက ကန့်ကွက်ကြောင်းနိုဝင်ဘာ ၂၄ ရက်တွင်ထုတ်ပြန်လိုက်သည်။

Kirinဘက်မှ ဖက်စပ်ကုမ္ပဏီဖျက်သိမ်းရေးအတွက် အဆိုပြုချက်များတင်ပြသော်လည်း စစ်တပ်ပိုင်ကုမ္ပဏီဘက်မှ လျစ်လျူရှုပြီး ပူးပေါင်းဆောင်ရွက်ခြင်းမရှိဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
“ဦးပိုင်ကုမ္ပဏီဘက်က ကျွန်တော်တို့ တင်ပြတဲ့ အဆိုပြုချက်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ပူးပေါင်းပြီး မဆောင်ရွက်ပါဖူး။ ဒီအချိန်မှာ တရားရုံးကို ဖျက်သိမ်းခွင့်လျှောက်တာ ရှုတ်ချပါတယ်။မျှတမူလည်းမရှိသလို့ ဖက်စပ်လုပ်ငန်းသဘောတူညီမူကို ချိုးဖောက်တာပါပဲ ”ဟု ဂျပန်kirinကုမ္ပဏီကထုတ်ပြန်သည်။

တရားရုံးကို ဦးတိုက်လျှောက်ထားသော်လည်း စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်မည်ဆိုသည့် သဘောထားကိုပြောင်းလဲမဟုတ်ဟုလည်း Kirinကဆိုသည်။ အကယ်၍ တရားရုံးက ဦးပိုင်၏ လျှောက်ထားမူကို ခွင့်ပြုမိန့်ပေးလိုက်ပါက ကုမ္ပဏီဖျက်သိမ်းရေးကို ဦးပိုင်က စိတ်ကြိုက်ချယ်သွားနိုင်သည်ဟု ဂျပန်ကုမ္ပဏီကဆိုသည်။ ထို​ကြောင့်
ဦးပိုင်အနေဖြင့် တရားရုံးလျှောက်ထားခြင်းကို ပယ်ဖျက်ပေးရန်နှင့်ထိုလျှောက်ထားခြင်းသည့် သင့်တော်မူမရှိသလို၊ မျှတမူလည်းမရှိဟုKirinကုမ္ပဏီကကန့်ကွက်သည်။

ထိုအပြင် တရားရုံးသို့ကုမ္ပဏီဖျက်သိမ်းရန်လျှောက်ထားခြင်းသည် မြန်မာနိုင်ငံမှဥပဒေများနှင့်ပါသွေဖီနေသည်ဟု ဂျပန်ကုမ္ပဏီကဆိုသည်။အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီကို ဖျက်သိမ်းရန် အနောက်ပိုင်ခရိုင်တရားရုံးကို နိုဝင်ဘာ ၁၉ရက်က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Myanmar Breweryကို ဂျပန် Kirinကုမ္ပဏီက ၂၀၁၅
ခုနှစ်တွင် ဒေါ်လာသန်း ၅၆၀ဖြင့်ဝယ်ယူခဲ့သည်။ ထိုနောက် Mandalay Breweryကုမ္ပဏီကိုလည်းဝယ်ယူခဲ့သေးသည်။ ထိုကုမ္ပဏီများသည် စစ်တပ်ပိုင်
မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီများဖြစ်ပြီး ထိုကုမ္ပဏီများ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းစီကို Kirin ကပိုင်ဆိုင်ထားသည်။

မြန်မာဘီယာသည်စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်းဘီယာဈေးကွက်၏ ဈေးကွက်ဝယ်စု ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်၊ ပြည်တွင်းဈေးကွက်တွင် ဘီယာအားလုံး၏ ရောင်းအားပမာဏ ၅၀ရာခိုင်နှုန်းကျော် ရရှိထားခဲ့သည်။ သို့သော်စစ်တပ်ကနိုင်ငံတော်အာဏာကို လက်နက်ဖြင့်လုယူပြီးနောက် လူထုက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခဲ့ကြသည်။ထိုထဲတွင် မြန်မာဘီယာအပါအဝင် Myanmar Brewery ကုမ္ပဏီ၏ အခြားထုတ်ကုန်များလဲပါဝင်ခဲ့သည်။ ထိုကြောင့် စစ်အာဏာသိမ်းပြီးနောက် မြန်မာဘီယာရောင်းအားသည် ၈၀ရာခိုင်နှုန်းအထိ့ကျဆင်းနေသည်။ထိုအပြင် အမေရိကန်၊ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုကို အရေးယူပိတ်ဆို့မူများပြုလုပ်လာသည်။

ထိုကြောင့် ဂျပန်ကုမ္ပဏီက စစ်တပ်ပိုင်လုပ်ငန်းများနှင့်လက်တွဲလုပ်ကိုင်မှုကို ရပ်တန့်လာရခြင်းဖြစ်သည်။ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များကို ပြည်သူအများစုက သပိတ်မှောက်ကြသည့်အပြင် ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ နယ်မြေတွင် သယ်ဆောင်၊ရောင်းချခြင်းကိုလုံးဝခွင့်မပြုဘဲ ယခုနောက်ပိုင်းတွေ့သည်နှင့်ဖမ်းဆီးဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်လာသဖြင့် အထိ့နာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

ဦးသိန်းဝင်းဇော်ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများကို အီးယူနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။

သတင်း

မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

သတင်း

ကုမ္ပဏီရဲ့ မိတ်ဖက် ကမ္ဘာ့အလုပ်သမား သမဂ္ဂ တစ်ခုဖြစ်တဲ့ IndustriALLရဲ့ စည်းရုံး လှုံ့ဆော်မှုကို လက်ခံပြီး မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ Inditexက ဆိုပါတယ်။