Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် ယ​​နေ့နံနက် စစ်​ကောင်စီတပ်နှင့် KNDFတို့ တိုက်ပွဲပြင်းထန်​နေ

“အရင်နေ့တွေက ဖြစ်ခဲ့တဲ့ စံပြ(၆)မိုင်အနီးက ဟိုဖိတ် ကျေးရွားနားမှာ အစောကြီးတိုက်ပွဲ ဖြစ်နေတယ်။မြေပြင် အခြေအနေကိုတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KNDF)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဒီးမော့ဆိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၂၅ ရက်) နံနက် ၆နာရီခန့်ကစ၍ ပြည်သူ့ကာကွယ်ရေးကရင်နီပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေခြင်းဟု ၎င်းကဆိုသည်။

“အရင်နေ့တွေက ဖြစ်ခဲ့တဲ့ စံပြ(၆)မိုင်အနီးက ဟိုဖိတ် ကျေးရွားနားမှာ အစောကြီးတိုက်ပွဲ ဖြစ်နေတယ်။မြေပြင် အခြေအနေကိုတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင် ဒေါပိုးစီကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်​ရောက်တိုက်ခိုက်ခြင်း အပါအဝင် ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားကာစစ်တပ်မှ ငါးဦး​သေပြီး ခုနှစ်ဦးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဒီးမော့ဆိုနယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီတပ်မတော်တို့ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား၂၀ ဦးထက်မနည်းသေဆုံးကာ ကရင်နီတပ်မတော်သားတစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။