Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတွင် ယ​​နေ့နံနက် စစ်​ကောင်စီတပ်နှင့် KNDFတို့ တိုက်ပွဲပြင်းထန်​နေ

“အရင်နေ့တွေက ဖြစ်ခဲ့တဲ့ စံပြ(၆)မိုင်အနီးက ဟိုဖိတ် ကျေးရွားနားမှာ အစောကြီးတိုက်ပွဲ ဖြစ်နေတယ်။မြေပြင် အခြေအနေကိုတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KNDF)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဒီးမော့ဆိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၂၅ ရက်) နံနက် ၆နာရီခန့်ကစ၍ ပြည်သူ့ကာကွယ်ရေးကရင်နီပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေခြင်းဟု ၎င်းကဆိုသည်။

“အရင်နေ့တွေက ဖြစ်ခဲ့တဲ့ စံပြ(၆)မိုင်အနီးက ဟိုဖိတ် ကျေးရွားနားမှာ အစောကြီးတိုက်ပွဲ ဖြစ်နေတယ်။မြေပြင် အခြေအနေကိုတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင် ဒေါပိုးစီကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်​ရောက်တိုက်ခိုက်ခြင်း အပါအဝင် ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားကာစစ်တပ်မှ ငါးဦး​သေပြီး ခုနှစ်ဦးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဒီးမော့ဆိုနယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီတပ်မတော်တို့ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား၂၀ ဦးထက်မနည်းသေဆုံးကာ ကရင်နီတပ်မတော်သားတစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။