Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ်တွင် ဧည့်စာရင်းစစ်ပြီး ပြည်သူ၁၁ဦးကို စစ်ကောင်စီက ဖမ်းဆီး

“လှိုင်မြစ်လမ်းသွယ် (၁)က ၅ ယောက် အောင်သစ္စာလမ်းက ၆ ယောက်က ဧည့်နဲ့ ဖမ်းသွားတာ။ ငါးမရ ရေချိုးပြန်လုပ်သွားတာ”ဟု ယင်းဒေသခံက ​ပြောသည်။

People's Spring
People's Spring

လှိုင်မြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၂၄)ညပိုင်းက စစ်ကောင်စီတပ်များ ဧည့်စာရင်းဝင်စစ်ပြီး​နောက် ပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ​ပြောသည်။

ဖမ်းဆီးစစ်ဆေးမှုများကို လှိုင် (၁)ရပ်ကွက် လှိုင်မြစ်လမ်းနှင့် အောင်သစ္စာလမ်းများရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး လှိုင်မြစ်လမ်းမှ ခြောက်ဦးနှင့် အောင်သစ္စာလမ်းမှ ငါးဦးကို အသီးသီးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လာရောက်ဖမ်းဆီးသည့်ဖြစ်စဉ်မှာ လှိုင်မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ၌ ပါဝင်သည့် လူငယ်အချို့ရှိနေသည်ဆိုကာ နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့သော်လည်း သက်ဆိုင်သူများကို ရှာမတွေ့သဖြင့် အခြားသူများကို ဧည့်စာရင်းအကြောင်းပြဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လှိုင်မြစ်လမ်းသွယ် (၁)က ၅ ယောက် အောင်သစ္စာလမ်းက ၆ ယောက်က ဧည့်နဲ့ ဖမ်းသွားတာ။ ငါးမရ ရေချိုးပြန်လုပ်သွားတာ”ဟု ယင်းဒေသခံက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များ လှိုင်မြို့နယ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးစစ်ဆေးမှုများကို ယမန်နေ့ည ၈ နာရီခန့်တွင် တစ်ကြိမ် ည ၁၁နာရီခန့်တွင် တစ်ကြိမ် နှစ်ကြိမ်တိတိဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။