Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးကားတစ်စီးပျက်စီး

မတ္တရာမြို့နယ် အုန်းလွတ်ရွာတွင် နိုဝင်ဘာ ၂၅ရက် နံနက် ပိုင်း၌ စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီးနောက် ခရီးဆက်လက်ထွက်ခွာရာ လမ်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၂၅)မနက်က စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ကားတစ်စီးပျက်စီးသွားကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ် အုန်းလွတ်ရွာတွင် နိုဝင်ဘာ ၂၅ရက် နံနက် ပိုင်း၌ စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီးနောက် ခရီးဆက်လက်ထွက်ခွာရာ လမ်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“အုန်းလွတ်ကနေ ၁၁နာရီကျော် ဆင်းတဲ့အခါ လမ်းမှာ ဒေသခံ PDFတွေကနေ မိုင်းဆွဲတိုက်ခိုက်လို့ ကားကြီးတစ်စီးမိတယ်။ ကားလေးကတော့ လွတ်သွားတယ်” ဟု ဒေသခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေး ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မတ္တရာ မြောက်ပိုင်း၌ စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။မတ္တရာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုများ ဆက်ရှိနေသကဲ့သို့ ယခုလပိုင်းတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများခပ်စိတ်စိတ်ပြုလုပ် လာနေသည်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်