Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးကားတစ်စီးပျက်စီး

မတ္တရာမြို့နယ် အုန်းလွတ်ရွာတွင် နိုဝင်ဘာ ၂၅ရက် နံနက် ပိုင်း၌ စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီးနောက် ခရီးဆက်လက်ထွက်ခွာရာ လမ်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၂၅)မနက်က စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ကားတစ်စီးပျက်စီးသွားကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ် အုန်းလွတ်ရွာတွင် နိုဝင်ဘာ ၂၅ရက် နံနက် ပိုင်း၌ စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ဖမ်းဆီးရိုက်နှက် စစ်ဆေးပြီးနောက် ခရီးဆက်လက်ထွက်ခွာရာ လမ်း၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“အုန်းလွတ်ကနေ ၁၁နာရီကျော် ဆင်းတဲ့အခါ လမ်းမှာ ဒေသခံ PDFတွေကနေ မိုင်းဆွဲတိုက်ခိုက်လို့ ကားကြီးတစ်စီးမိတယ်။ ကားလေးကတော့ လွတ်သွားတယ်” ဟု ဒေသခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေး ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မတ္တရာ မြောက်ပိုင်း၌ စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးထိခိုက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။မတ္တရာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုများ ဆက်ရှိနေသကဲ့သို့ ယခုလပိုင်းတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများခပ်စိတ်စိတ်ပြုလုပ် လာနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရေလည်ကျွန်းကျေးရွာတွေဟာ အရေးပေါ်ပြောင်းရွှေ့မှုတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။