Connect with us

Hi, what are you looking for?

News

မြင်းခြံနှင့် ခင်ဦးတွင်ပျူ​စောထီးနှင့်စစ်​ကောင်စီသတင်း​ပေးဆိုသူများ​သေနတ်ဖြင်ပစ်သတ်ခံရ

ကျန်ရှိနေသေးသော စစ်ကောင်စီထောက်တိုင်နှင့် သတင်းပေးများကိုလည်း ရှင်းလင်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေး မဟာမိတ်ညီနောင်များမှ သတိပေးသည်။

မြင်းခြံနှင့် ခင်ဦးမြို့နယ်များတွင် ပျူ​စောထီးနှင့် စစ်ကောင်စီသတင်းပေးဆိုသူများအား ဒေသတွင်း PDF များက သုတ်သင်ရှင်းလင်းခဲ့ကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာတွင်ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်ပိုင်းကဒေသတွင်း pdfများအား ရှင်းလင်းရန် လက်နက်ဝယ်ရန်အစ​ည်းအဝေးလုပ်နေသည့် စစ်ကောင်စီသတင်းပေးအကြီးစား ဝင်းမြင့်နှင့်တင်အောင်တို့အား 27Revolution forces (မြင်းခြံ)၊
Zeroပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ Nathogyi Regional forces နွားထိုးကြီး ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း 27Revolution forces (မြင်းခြံ)က သတင်းထုတ်ပြန် သည်။

ကျန်ရှိနေသေးသော စစ်ကောင်စီထောက်တိုင်နှင့် သတင်းပေးများကိုလည်း ရှင်းလင်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေး မဟာမိတ်ညီနောင်များမှ သတိပေးသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အောင်ချမ်းသာရပ်ကွက် စစ်ကောင်စီသတင်းပေးဟုဆို​သော အသက် ၂၂ နှစ်အရွယ် လင်းထွဋ်ပိုင်ဆိုသူအား ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၀း၃၀ ခန့်က ၎င်းနေထိုင်ရာရပ်ကွက်အတွင်း၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ညနေ ၅ နာရီခန့်ကလည်း ခင်ဦးမြို့နယ် ကုလားလူးရွာသား စစ်ကောင်စီသတင်းပေး အသက် ၅ဝ အရွယ် သက်မောင်ဆိုသူကို ကျေးရွာတောင်ဘက် တောတွင်းတစ်နေရာ၌ ရှင်းလင်းခဲ့ကြောင်းတောကြီးမြွေဟောက်-ခင်ဦးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ခင်ဦးနယ်အတွင် တောကြီးမြွေဟောက်-ခင်ဦးအဖွဲ့မှ စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီး ၆၆ ဦးအား ရှင်း လင်းသုတ်သင်ခဲ့ကြာင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာက ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်ပြီး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။