Connect with us

Hi, what are you looking for?

News

မြင်းခြံနှင့် ခင်ဦးတွင်ပျူ​စောထီးနှင့်စစ်​ကောင်စီသတင်း​ပေးဆိုသူများ​သေနတ်ဖြင်ပစ်သတ်ခံရ

ကျန်ရှိနေသေးသော စစ်ကောင်စီထောက်တိုင်နှင့် သတင်းပေးများကိုလည်း ရှင်းလင်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေး မဟာမိတ်ညီနောင်များမှ သတိပေးသည်။

မြင်းခြံနှင့် ခင်ဦးမြို့နယ်များတွင် ပျူ​စောထီးနှင့် စစ်ကောင်စီသတင်းပေးဆိုသူများအား ဒေသတွင်း PDF များက သုတ်သင်ရှင်းလင်းခဲ့ကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာတွင်ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက်ပိုင်းကဒေသတွင်း pdfများအား ရှင်းလင်းရန် လက်နက်ဝယ်ရန်အစ​ည်းအဝေးလုပ်နေသည့် စစ်ကောင်စီသတင်းပေးအကြီးစား ဝင်းမြင့်နှင့်တင်အောင်တို့အား 27Revolution forces (မြင်းခြံ)၊
Zeroပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ Nathogyi Regional forces နွားထိုးကြီး ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ သုတ်သင်ရှင်းလင်းခဲ့ကြောင်း 27Revolution forces (မြင်းခြံ)က သတင်းထုတ်ပြန် သည်။

ကျန်ရှိနေသေးသော စစ်ကောင်စီထောက်တိုင်နှင့် သတင်းပေးများကိုလည်း ရှင်းလင်းသွားမည်ဟု ပြည်သူ့ကာကွယ်ရေး မဟာမိတ်ညီနောင်များမှ သတိပေးသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အောင်ချမ်းသာရပ်ကွက် စစ်ကောင်စီသတင်းပေးဟုဆို​သော အသက် ၂၂ နှစ်အရွယ် လင်းထွဋ်ပိုင်ဆိုသူအား ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၀း၃၀ ခန့်က ၎င်းနေထိုင်ရာရပ်ကွက်အတွင်း၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ညနေ ၅ နာရီခန့်ကလည်း ခင်ဦးမြို့နယ် ကုလားလူးရွာသား စစ်ကောင်စီသတင်းပေး အသက် ၅ဝ အရွယ် သက်မောင်ဆိုသူကို ကျေးရွာတောင်ဘက် တောတွင်းတစ်နေရာ၌ ရှင်းလင်းခဲ့ကြောင်းတောကြီးမြွေဟောက်-ခင်ဦးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ခင်ဦးနယ်အတွင် တောကြီးမြွေဟောက်-ခင်ဦးအဖွဲ့မှ စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီး ၆၆ ဦးအား ရှင်း လင်းသုတ်သင်ခဲ့ကြာင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook