Connect with us

Hi, what are you looking for?

News

မတူပီ-ပလက်၀လမ်း ကင်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ

အဆိုပါ မတူပီ- ပလက်၀လမ်းတွင် အောက်တိုဘာ ၃၀ရက်မှစ၍ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများခဲ့သည်။

ချင်းပြည်နယ် မတူပီ မြို့နှင့် ပလက်၀မြို့အကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ရက်က မတူပီ-ပလက်၀ လမ်းပေါ် အခြေစိုက်ထားသည့် ခမရ (၃၀၄) တပ်၏ ကင်းစခန်းသည် ခရီးသွားပြည်သူများအား ခြိမ်းခြောက်စစ်ဆေးခြင်း၊ အကြောင်းမဲ့မတရား ဖမ်းဆီးနှိပ်စက်ခြင်းများ ကျူးလွန်ခြင်းကြောင့် မတူပီ CDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

“မတူပီမြို့အထွက် ခမရ (၃၀၄)က ဂိတ်ရှိတာပေါ့။ တပ်စိပ်တစ်ခုလောက် ရှိတယ် ၁၀ယောက်လောက်ပေါ့။ အဲဒီမှာ ခရီးသည်တွေ လုံခြုံရေးစစ်ဆေးမှုတွေဘာတွေ သူတို့ လုပ်တာ စည်းကမ်းနဲ့မညီတာတွေရှိတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့က သွားပစ်တာပေါ့”ဟု ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ မတူပီ- ပလက်၀လမ်းတွင် အောက်တိုဘာ ၃၀ရက်မှစ၍ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများခဲ့သည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ချင်းပြည်နယ် ကန်ပက်လက်၌ စစ်ရေးတင်းမာနေပြီး ထန်တလန်မြို့ပေါ်တွင် လည်းစစ်ကောင်စီတပ်က ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook