Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ ဆက်လက်ကျူးလွန်နေဆဲ အကြမ်းဖက်မှုတွေကို အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်၊ ဗြိတိန်အပါအ၀င် နိုင်ငံ ၇ခု ပူးတွဲကြေညာ

ချင်းပြည်နယ်မှာ စစ်တပ်ဟာ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ ထန်တလန်ရှိ မိဘမဲ့ဂေဟာ တစ်ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အစီရင်ခံမှုတွေကို ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

(ချင်းပြည်နယ်ရှိ ထန်တလန်မြို့ လူ​နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

နိုင်ငံတဝန်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့် အရေးဆက်လက်ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံ၇ခုက ဒီနေ့ (နိုဝင်ဘာ ၂၆ ရက်) ပူးတွဲထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် ချင်း၊ စစ်ကိုင်းနဲ့ မကွေး တိုင်းတို့မှာ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်တိုးမြှင့်ဖြစ်ပေါ်နေတဲ့အပေါ် ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်ဟာ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ ထန်တလန်ရှိ မိဘမဲ့ဂေဟာ တစ်ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ အစီရင်ခံမှုတွေကို ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

မကြာသေးမီက စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်မှာ လူပေါင်း ၄၀,၀၀၀ ကျော်နဲ့ မကွေးတိုင်းမှာ လူပေါင်း ၁၁,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါ တယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ အမြှောက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးအသုံးပြုမှုနဲ့ ထောင် ပေါင်းများစွာသော တပ်နေရာချထားမှုတွေအပါအဝင် လက်နက်စုဆောင်းမှုနဲ့ တိုက်ခိုက်မှုတွေအပေါ် စိုးရိမ်တယ်လို့လည်း ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ အဲဒီလိုလုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်မှုတန်ပြန်ရေးစစ်ဆင်ရေးတွေလို့ ဆိုပေမယ့် အရပ်သားပြည်သူတွေအပေါ်အချိုးအစားမညီမျှတဲ့သက်ရောက်မှုတွေရှိနေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။

လက်ရှိအခြေအနေနဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူရဲ့ အစီရင်ခံ စာတွေက မြန်မာနိုင်ငံတဝန်း ကျယ်ပြန့်လာတဲ့ အကြမ်း ဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အန္တရာယ်ရှိမှုတွေနဲ့ အဲဒီရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့ နိုင်ငံတကာအသိုင်းအဝန်းက လုပ်ဆောင်နိုင်တာ၊ လုပ်ဆောင်သင့်တာကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါ တယ်။

နောက်ပြီး နိုဝင်ဘာ ၁၀ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လုံခြုံစွာ၊ အပြည့်အ၀ပေးရေးအတွက် သတင်းထုတ်ပြန်ချက်ကို အထက်ပါ နိုင်ငံ ၇ နိုင်ငံက ကြိုဆိုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုရှိပြီး အာဆီယံရဲ့ ဘုံ ဆုံးဖြတ်ချက် ၅ ရပ်ကို ဆက်လက်ထောက်ခံမယ်လို့ နိုင်ငံ ၇ နိုင်ငံက ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

(ချင်းပြည်နယ်ရှိ ထန်တလန်မြို့ လူ​နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။