Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ​ခြောက်ဦးထက်မနည်းဒဏ်ရာရ

လတ်တလောတွင် ကန်ပက်လက်မြို့နယ်တွင်း စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်က ထောက်ပံ့ရေး လမ်းကြောင်းများ ပိတ်ထား၍ CDF တပ်ဖွဲ့ဝင်များတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် ငွေကြေးအခက်အခဲများ ရှိနေကြောင်း၊ ပြည်သူများနေဖြင့် အတက်နိုင်ဆုံးအကူအညီပေးစေချင်ကြောင်း ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၈ရက်) မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒီနေ့ ပစ္စည်းတွေ သယ်တာပေါ့။ မြို့ထဲကနေ ပစ္စည်းတွေ သယ်နေတဲ့ဟာကို ကျွန်တော်တို့ ကြားဖြတ်ပြီးတော့ တိုက်ခိုက်တဲ့သဘောပါ။ သူတို့ဘက်က ကျွန်တော်တို့ မျက်မြင်ပေါ့ ။ကျသွားတာက သုံးယောက်ရှိတယ်။ ဒဏ်ရာရတာက ​ခြောက်ယောက်ရှိတယ်။ဒီထက်လည်း ပိုရင် ပိုနိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကန်ပက်လက် CDF ဘက်မှ ကျဆုံးထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDFက ထုတ်ပြန်သည်။

လတ်တလောတွင် ကန်ပက်လက်မြို့နယ်တွင်း စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်က ထောက်ပံ့ရေး လမ်းကြောင်းများ ပိတ်ထား၍ CDF တပ်ဖွဲ့ဝင်များတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် ငွေကြေးအခက်အခဲများ ရှိနေကြောင်း၊ ပြည်သူများနေဖြင့် အတက်နိုင်ဆုံးအကူအညီပေးစေချင်ကြောင်း ကန်ပက်လက် CDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံ ပြည်သူများအနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားပါက အိမ်ပြင်မထွက်ဘဲ လုံခြုံသည့် အကာအကွယ်ရှိသည့် နေရာ၌ နေထိုင်ကြရန်၊ နေအိမ်များ၌ ဗုံးခိုကျင်းများ တူးပြီး အကာအကွယ်ရှာထားရန်လည်း ၎င်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။