Connect with us

Hi, what are you looking for?

News

ဖာပွန်-ကမမောင်းလမ်းရှိ စစ်ကောင်စီတပ်၏ ယာယီစခန်းငယ် သုံးခုကို KNU ဝင်တိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေး

“တိုက်ခိုက်မှုက မနက် ၅နာရီကနေ ၆နာရီလောက်ကြတာပေါ့။ လမ်းလုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက သူတို့ထွက်ပြေးသွားတယ်။ သူတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုက တိတိကျကျတော့ မသိရဘူးပေါ့။ KNLA တပ်မဟာ(၅)ဘက်မှာတော့ တစ်ဦးကျဆုံးတာပေါ့” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ကရင်ပြည်နယ် ဖာပွန်-ကမမောင်းလမ်းရှိ စစ်ကောင်စီတပ်၏ ယာယီစခန်းငယ် သုံးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုသည်။

အဆိုပါလမ်းရှိ ကူးဆိပ်ရွာနှင့် ခွေးသေရွာကြား၌ စစ်ကောင်စီတပ်က လုံခြုံရေးချထား၍ သွားလာရေး အခက် အခဲ ရှိနေသည့်အပေါ် အဆိုပါ စခန်းငယ်များကို နိုဝင်ဘာ ၂၇ရက် နံနက်အစောပိုင်းက ဝင်ရောက်ရှင်း လင်းခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

“တိုက်ခိုက်မှုက မနက် ၅နာရီကနေ ၆နာရီလောက်ကြတာပေါ့။ လမ်းလုံခြုံရေးချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက သူတို့ထွက်ပြေးသွားတယ်။ သူတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုက တိတိကျကျတော့ မသိရဘူးပေါ့။ KNLA တပ်မဟာ(၅)ဘက်မှာတော့ တစ်ဦးကျဆုံးတာပေါ့” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကူများ ဖြည့်တင်းနေသော်လည်း ယနေ့(နိုဝင်ဘာ ၂၈ရက်)ညပိုင်းအထိ အဆိုပါ ယာယီစခန်းငယ်များထံ နေရာပြန်ယူနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ ဒီလိုဖြစ်နေတဲ့ ပစ်ခတ်မှုက စစ်ကောင်စီအပေါ်မှာပဲ မူတည်တယ်။ စစ်ကောင်စီကနေ ပြီးတော့မှ သူတို့က တိုင်းပြည်အာဏာသိမ်းပြီးတော့ မတရားမူတွေ အမျိုးမျိုးလုပ်တဲ့အပေါ်မှာ အဲဒီကနေပြီး တပ်မဟာ(၅) တပ်ဖွဲ့တွေက သူတို့ရဲ့ အာဏာသိမ်းတဲ့ဟာကို ပြန်လည်ရုတ်သိမ်းပြီးတော့ ပြည်သူလက်ထဲ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထဲ အာဏာပြန်လွှဲဖို့ ဖိအားပေးတဲ့အနေနဲ့လည်း သူတို့တပ်ဖွဲ့တွေကို အမြဲတမ်း ဒီလို ထိတွေ့မှုတွေဖြစ်ပြီး ပစ်ခတ်နေကြတာပေါ့” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ပြည်သူရွေးကောက်သည့် အစိုးရထံ အာဏာပြန်မလွှဲဘဲ စစ်အာဏာရှင်စနစ်ကို ဖော်ဆောင်ပြီး ပြည်သူကို ဖိနှိပ်နေမည်ဆိုပါက နယ်မြေဒေသကို ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် အလျှော့ပေးမည်မဟုတ်ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။