Connect with us

Hi, what are you looking for?

News

မြန်မာပလာဇာဆိုင်များပြန်ဖွင့်ရန် စစ်​ကောင်စီဖိအား​ပေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာပလာဇာရှိဆိုင်ပိုင်ရှင်များ ယ​နေ့​တွေ့ဆုံရန် ယမန်​နေ့ကတည်းက ဖိတ်ကြားခဲ့​သော်လည်း တက်​ရောက်သူ ဆယ်ဂဏန်းသာရှိသည်ဟုသိရသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာပလာဇာရှိဆိုင်ခန်းများကိုပြန်လည်ဖွင့်လှစ်ရန် ယ​နေ့ဖိအား​ပေးခဲ့​ကြောင်း ဆိုင်ပိုင်ရှင်များက​ ပြောသည်။

မြန်မာပလာဇာမှလုံခြုံ​ရေးဝန်ထမ်းများက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဝိုင်းဝန်းထိုးကြိတ်ကန်​ကြောက်မှုအ​ပေါ် ကန်ကွက်သည့်အ​နေဖြင့်ဆိုင်ပိတ်​ကြောင်း ဖေစ်ဘွခ်တွင် တင်ထားသည့် ဆိုင်ရှင်များကို အဆိုပါ​ရေးသားထား​သောပို့စ်များကိုပါပြန်ဖြုတ်ရန်နှင့် ဆိုင်ပြန်ဖွင့်​ကြောင်းပို့စ်များတင်ပြရန် အကြမ်းဖက်စစ်​ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရက​ ခေါ်ယူ​တွေ့ဆုံပြီး ဖိအား​ပေးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဆိုင်​တွေပြန်ဖွင့်ဖို့ရယ်။ဆိုင်ပိတ်​ကြောင်းတင်တဲ့ပို့စ်​တွေပြန်ဖြုတ်ဖို့​ပြောတယ်။ တတ်တဲ့သူနည်းလို့ စစ်​ကောင်စီက စိတ်ဆိုး​နေတယ်”ဟု ဆိုင်ပိုင်ရှင်တစ်ဦးက​ပြောသည်။

ဝယ်သူများမလာဘဲ ဆိုင်ခန်းများဖွင့်လှစ်နိုင်မည်မဟုတ်​ကြောင်းနှင့် လုံခြုံ​ရေးချထားသည့် အကြမ်းဖက်စစ်သားများနှင့် ရဲများရှိ​နေပါက ဝယ်သူများမလာနိုင်​ကြောင်း ၎င်းက ဆက်​ပြောသည်။ထို့​ကြောင့် ဝယ်သူမလာဘဲ ဆိုင်ခန်းဖွင့်လှစ်ပါက ကုန်ကျစရိတ်ပို့မိုကုန်ကျ၍ ဖွင့်ရန် စဥ်းစားရမည်ဖြစ်​ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာပလာဇာရှိဆိုင်ပိုင်ရှင်များ ယ​နေ့​တွေ့ဆုံရန် ယမန်​နေ့ကတည်းက ဖိတ်ကြားခဲ့​သော်လည်း တက်​ရောက်သူ ဆယ်ဂဏန်းသာရှိသည်ဟုသိရသည်။

နိုဝင်ဘာ ၂၅ ရက်ကမြန်မာပလာဇာတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လုံခြုံ​ရေးဝန်ထမ်းများ ရိုက်နှိမ်ဖမ်းဆီးပြီး​နောက် လူထုက မြန်မာပလာဇာတွင် ​ဈေးမဝယ်ရန်၊ မသွားရန် သပိတ်​မှောက်ခဲ့ကြခြင်းဖြစ်သည်။ထို့​ကြောင့် နိုဝင်ဘာ ၂၆ ရက်မှ စ၍ မြန်မာပလာဇာတွင် ဆိုင်များပိတ်ထားကြပြီး သုံးရက်​မြောက်​နေ့တွင် စစ်​ကောင်စီက ဆိုင်များကို​ခေါ်ယူဖိအား​ပေး​နေခြင်းဖြစ်သည်။ ပလာဇာက လုပ်ရပ်အတွက် ​တောင်းပန်​ကြောင်း​ဖေစ်ဘွခ်တွင်​ရေးသားခဲ့​သော်လည်း ပြည်သူများက သပိတ်​မှောက်ခဲ့ခြင်းဖြစ်သည်။

“​တော်လှန်ရေး လူငယ်တွေကို ဖမ်းတဲ့ မြန်မာပလာဇာရဲ့ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။ မြန်မာပလာဇာက သားသမီးချင်း ကိုယ်ချင်းစာနာခြင်း မရှိဘဲ စစ်ကောင်စီရဲ့ အကြိုက်ကို လုပ်ပြီး အသက်၊ ဘဝတွေ ပေးထားတဲ့ တော်လှန်ရေး လူငယ်တွေကို မတရားဖမ်းဆီး ရိုက်နှက်ခဲ့တာပါ။ အခုလို ပြည်သူက ပေးတဲ့ Boycott လိုမျိုး ပြစ်ဒဏ်ကို ပြန်ခံစားစေချင်ပါတယ်။ တကယ်လို့ ဆိုင်ခန်းတွေက မဖြစ်မနေ ပြန်ဖွင့်ရမယ်ဆိုလည်း ပြည်သူတွေ အနေနဲ့ မသွားကြဖို့ မြန်မာပလာဇာမှာ စျေးမဝယ်ကြဖို့ တိုက်တွန်းလိုပါတယ် ” ဟု ရန်ကုန်မြို့ရှိ LGBT သပိတ်တွင် ပူးပေါင်းပါဝင်ဆန္ဒပြလေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

(မြန်မာပလာဇာ၏ လုပ်ရပ်အ​ပေါ် ကန်ကွက်သည့်အ​နေဖြင့် နိုဝင်ဘာ ၂၆ ရက်မှ စ၍ ဆိုင်များကပိတ်ထားကြသည်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။