Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင်အပါအဝင် လူငယ်သုံးဦးကို အကြမ်းဖက်အဖွဲ့အဓမ္မဖမ်းဆီး

ဖမ်းဆီးခံရသူသုံးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း မြို့ခံများကဆိုသည်။

ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင်ကိုထူးမြတ်လွင်အပါအဝင် ကိုစိုင်းကိုကိုထွန်း၊ မလဝန်းပြည့်ပြည့်ထွန်းတို့ကို ယ​နေ့နံနက်တွင် အကြမ်းဖက်စစ်​ကောင်စီအဖွဲ့က အတင်းအဓမ္မ​ခေါ်​ဆောင်ဖမ်းဆီးသွား​ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က သတင်းထုတ်ပြန်သည်။

ယ​နေ့(နိုဝင်ဘာ၃၀ရက်)နံနက်၆ နာရီခွဲတွင် နေအိမ်များသို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

ကိုထူးမြတ်လွင်သည် ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန တတိယနှစ်ကျောင်းသား တစ်ဦးလည်းဖြစ်သည်။ ထားဝယ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လူငယ်များကို ဆက်တိုက်ဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရသည်ဟု မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူသုံးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း မြို့ခံများကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နိုဝင်ဘာ ၂၅ ရက်ကလည်း ထားဝယ်နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနက ပဉ္စမနှစ်ကျောင်းသူ မသိမ့်ဇင်ဇင်ဖူးကိုလည်း အကြမ်း ဖက်စစ်ကောင်စီ မတရားဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း သတင်းထုတ်ပြန်ထားသည်။

နေအိမ်နှင့်အဆက်အသွယ်ပြတ်တောက်နေသည့်
မသိမ့်ဇင်ဇင်ဖူးအား ဖမ်းဆီးထားခြင်းကို နိုဝင်ဘာ ၂၉ ရက်မှသာ သိရှိခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။