Connect with us

Hi, what are you looking for?

News

ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင်အပါအဝင် လူငယ်သုံးဦးကို အကြမ်းဖက်အဖွဲ့အဓမ္မဖမ်းဆီး

ဖမ်းဆီးခံရသူသုံးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း မြို့ခံများကဆိုသည်။

ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင်ကိုထူးမြတ်လွင်အပါအဝင် ကိုစိုင်းကိုကိုထွန်း၊ မလဝန်းပြည့်ပြည့်ထွန်းတို့ကို ယ​နေ့နံနက်တွင် အကြမ်းဖက်စစ်​ကောင်စီအဖွဲ့က အတင်းအဓမ္မ​ခေါ်​ဆောင်ဖမ်းဆီးသွား​ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က သတင်းထုတ်ပြန်သည်။

ယ​နေ့(နိုဝင်ဘာ၃၀ရက်)နံနက်၆ နာရီခွဲတွင် နေအိမ်များသို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့ခံများက ပြောသည်။

ကိုထူးမြတ်လွင်သည် ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန တတိယနှစ်ကျောင်းသား တစ်ဦးလည်းဖြစ်သည်။ ထားဝယ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လူငယ်များကို ဆက်တိုက်ဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရသည်ဟု မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူသုံးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း မြို့ခံများကဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် နိုဝင်ဘာ ၂၅ ရက်ကလည်း ထားဝယ်နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနက ပဉ္စမနှစ်ကျောင်းသူ မသိမ့်ဇင်ဇင်ဖူးကိုလည်း အကြမ်း ဖက်စစ်ကောင်စီ မတရားဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း သတင်းထုတ်ပြန်ထားသည်။

နေအိမ်နှင့်အဆက်အသွယ်ပြတ်တောက်နေသည့်
မသိမ့်ဇင်ဇင်ဖူးအား ဖမ်းဆီးထားခြင်းကို နိုဝင်ဘာ ၂၉ ရက်မှသာ သိရှိခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook