Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ အုပ်ချုပ်ရေးပျက်သွားသည့် ဒေသများ၌ တရားရေးကဏ္ဍပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရန် NUGပြင်ဆင်

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းခြင်း ခံခဲ့ရသည်မှာ ရက်ပေါင်း ၃၀၀ကျော်သွားပြီဖြစ်ပြီး ကျဆုံးခဲ့ရသည့် သူရဲကောင်း ၁,၂၉၇ဦး ၊ မတရားဖမ်းဆီးခံထားရသူ ၁၀,၅၃၀ကျော်ရှိကြောင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၊ စစ်ရှောင်နေရသူများလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးပျက်ယွင်းသွားသည့် ဒေသများ၌ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်ထိန်းကျောင်းနိုင်ရန်နင့် ပြည်သူ့အုပ်ချုပ်ရေးကို ထိရောက်စွာ ဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများအား တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက နယ်မြေစိုးမိုးရေးကို အချို့နေရာများ၌ ခြေလှမ်းတိုးပြီး လုပ်ဆောင်ရာ၌ တရားရေးဝန်ကြီးဌာန နှင့် တွဲပြီး ပြည်သူ့အုပ်ချုပ် ရေးကို ထိထိရောက်ရောက်ပိုင်ပိုင်နိုင်နိုင်လုပ်ရန် လိုလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အချို့ဒေသများ၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေး တွေပျက်ယွင်းသွားပြီ ဖြစ်၍ အုပ်ချုပ်ရေးပိုင်ဆိုင်ရာကဏ္ဍများ၌ အစားထိုး စီမံဆောင်ရွက်မှုများနှင့် အတူ တရားရေးမဏ္ဍိုင်ကို ဝင်ရောက် ထိန်းကျောင်းနိုင်ရန် ကဏ္ဍများသည် အရေးပါလာပြီဖြစ်၍ အားလုံး ၀ိုင်းပြီး အားစိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းခြင်း ခံခဲ့ရသည်မှာ ရက်ပေါင်း ၃၀၀ကျော်သွားပြီဖြစ်ပြီး ကျဆုံးခဲ့ရသည့် သူရဲကောင်း ၁,၂၉၇ဦး ၊ မတရားဖမ်းဆီးခံထားရသူ ၁၀,၅၃၀ကျော်ရှိကြောင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၊ စစ်ရှောင်နေရသူများလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ထန်တလန်မြို့၌ အညှိုးတကြီးဖြင့် အိမ်များကို မီးရှို့ခြင်းများ ထပ်မံ လုပ်ဆောင် နေသကဲ့သို့ စစ်ကြောရေး၌ နှိပ်စက်၍ အသက်ဆုံးရှုံး ရသူများ၏ သတင်းများလည်း ကြားရ၍ အကြမ်းဖက်စစ်ကောင်စီသည် လမ်းဆုံးအထိ မိုက်မဲစွာသွားနေပြီဟု မြင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် ပြည်သူများကို ဘက်ပေါင်းစုံက ကာကွယ်ပေးနိုင်ရန်၊ ကူညီပေးနိုင်ရန် ပိုမိုအားစိုက် လုပ်ဆောင်ရင်း အကြမ်းဖက်သမားများ အပြီးတိုင်ပြုတ်ကျသွားအောင် လုပ်ဆောင်ကြရန် အရေးတကြီးလိုအပ်လာကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များ၏ လူမဆန်စွာ ဖိနှိပ်နေသည့် ဒေသများရှိ ပြည်သူများ အထိအခိုက် နည်းစေမည့် ကာကွယ်ပေးမှုများ စနစ်တကျ လုပ်ဆောင်ရမည့်ကိစ္စများကို မြန်မြန်စီမံဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။