Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ အုပ်ချုပ်ရေးပျက်သွားသည့် ဒေသများ၌ တရားရေးကဏ္ဍပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရန် NUGပြင်ဆင်

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းခြင်း ခံခဲ့ရသည်မှာ ရက်ပေါင်း ၃၀၀ကျော်သွားပြီဖြစ်ပြီး ကျဆုံးခဲ့ရသည့် သူရဲကောင်း ၁,၂၉၇ဦး ၊ မတရားဖမ်းဆီးခံထားရသူ ၁၀,၅၃၀ကျော်ရှိကြောင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၊ စစ်ရှောင်နေရသူများလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးပျက်ယွင်းသွားသည့် ဒေသများ၌ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်ထိန်းကျောင်းနိုင်ရန်နင့် ပြည်သူ့အုပ်ချုပ်ရေးကို ထိရောက်စွာ ဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ဝန်ကြီးဌာနများအား တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက နယ်မြေစိုးမိုးရေးကို အချို့နေရာများ၌ ခြေလှမ်းတိုးပြီး လုပ်ဆောင်ရာ၌ တရားရေးဝန်ကြီးဌာန နှင့် တွဲပြီး ပြည်သူ့အုပ်ချုပ် ရေးကို ထိထိရောက်ရောက်ပိုင်ပိုင်နိုင်နိုင်လုပ်ရန် လိုလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အချို့ဒေသများ၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေး တွေပျက်ယွင်းသွားပြီ ဖြစ်၍ အုပ်ချုပ်ရေးပိုင်ဆိုင်ရာကဏ္ဍများ၌ အစားထိုး စီမံဆောင်ရွက်မှုများနှင့် အတူ တရားရေးမဏ္ဍိုင်ကို ဝင်ရောက် ထိန်းကျောင်းနိုင်ရန် ကဏ္ဍများသည် အရေးပါလာပြီဖြစ်၍ အားလုံး ၀ိုင်းပြီး အားစိုက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းခြင်း ခံခဲ့ရသည်မှာ ရက်ပေါင်း ၃၀၀ကျော်သွားပြီဖြစ်ပြီး ကျဆုံးခဲ့ရသည့် သူရဲကောင်း ၁,၂၉၇ဦး ၊ မတရားဖမ်းဆီးခံထားရသူ ၁၀,၅၃၀ကျော်ရှိကြောင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၊ စစ်ရှောင်နေရသူများလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ထန်တလန်မြို့၌ အညှိုးတကြီးဖြင့် အိမ်များကို မီးရှို့ခြင်းများ ထပ်မံ လုပ်ဆောင် နေသကဲ့သို့ စစ်ကြောရေး၌ နှိပ်စက်၍ အသက်ဆုံးရှုံး ရသူများ၏ သတင်းများလည်း ကြားရ၍ အကြမ်းဖက်စစ်ကောင်စီသည် လမ်းဆုံးအထိ မိုက်မဲစွာသွားနေပြီဟု မြင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် ပြည်သူများကို ဘက်ပေါင်းစုံက ကာကွယ်ပေးနိုင်ရန်၊ ကူညီပေးနိုင်ရန် ပိုမိုအားစိုက် လုပ်ဆောင်ရင်း အကြမ်းဖက်သမားများ အပြီးတိုင်ပြုတ်ကျသွားအောင် လုပ်ဆောင်ကြရန် အရေးတကြီးလိုအပ်လာကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များ၏ လူမဆန်စွာ ဖိနှိပ်နေသည့် ဒေသများရှိ ပြည်သူများ အထိအခိုက် နည်းစေမည့် ကာကွယ်ပေးမှုများ စနစ်တကျ လုပ်ဆောင်ရမည့်ကိစ္စများကို မြန်မြန်စီမံဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။