Connect with us

Hi, what are you looking for?

News

မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှိုင်မောင်ဝင်း၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှစ်ချက်ရရှိပြီး ထိုဒဏ်ရာဖြင့်ပင် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

(ဟေမမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူအား အခင်းဖြစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၁)နေ့လယ်ပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ဟေမမာလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်ဝင်းဆိုသူဖြစ်ပြီး (၃၆) လမ်းနှင့် (၈၂) လမ်းအနီး ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ဆိုင်ကယ်စီးလာတာကို သေနတ်နဲ့ ကပ်ပစ်သွားတာ။ နှစ်ချက်လုံး ခေါင်းကိုကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှိုင်မောင်ဝင်း၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှစ်ချက်ရရှိပြီး ထိုဒဏ်ရာဖြင့်ပင် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် လက်ဝေခံများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးအင်အားစုများက သုတ်သင်ရှင်းလင်းလျက်ရှိရာ ပြီးခဲ့သည့်နိုဝင်ဘာ ၈ ရက်ကလည်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှ ပန်းချီထွန်းထွန်းဆိုသူ သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook