Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဦးမြို့တွင်စစ်​ကောင်စီတပ်တိုက်ခိုက်ခံရပြီးနှစ်ဦး​သေ၊ ၃ ဦးဒဏ်ရာရ

ချောင်းဦး PDFက ကြိုတင်ချထားခဲ့သောအထုပ်ကိုလာရောက်စစ်ဆေးသည့်ရှေ့ဆုံးမှစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး နောက်ကလိုက်ပါလာသည့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

(စစ်​ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့​သောချောင်းဦးမီးပွိုင့် ဓါတ်ပုံ-​CJ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်နေ့) ညနေ ၆း၁၅နာရီဝန်းကျင်က
ချောင်းဦးမြို့ကိုဖြတ်သန်းသွားလာသော ကားများကို ငွေကြေးတောင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို မီးပွိုင့်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦး PDFက ကြိုတင်ချထားခဲ့သောအထုပ်ကိုလာရောက်စစ်ဆေးသည့်ရှေ့ဆုံးမှစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး နောက်ကလိုက်ပါလာသည့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလက်နက်ကိုင် အကြမ်းဖက်များ၏ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြပါရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မေတ္တာရပ်ခံထားသည်။