Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့တွင်စစ်​ကောင်စီတပ်တိုက်ခိုက်ခံရပြီးနှစ်ဦး​သေ၊ ၃ ဦးဒဏ်ရာရ

ချောင်းဦး PDFက ကြိုတင်ချထားခဲ့သောအထုပ်ကိုလာရောက်စစ်ဆေးသည့်ရှေ့ဆုံးမှစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး နောက်ကလိုက်ပါလာသည့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

(စစ်​ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့​သောချောင်းဦးမီးပွိုင့် ဓါတ်ပုံ-​CJ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်နေ့) ညနေ ၆း၁၅နာရီဝန်းကျင်က
ချောင်းဦးမြို့ကိုဖြတ်သန်းသွားလာသော ကားများကို ငွေကြေးတောင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို မီးပွိုင့်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦး PDFက ကြိုတင်ချထားခဲ့သောအထုပ်ကိုလာရောက်စစ်ဆေးသည့်ရှေ့ဆုံးမှစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး နောက်ကလိုက်ပါလာသည့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလက်နက်ကိုင် အကြမ်းဖက်များ၏ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြပါရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook