Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအတွင်း PDFများ၏ ရီမုမိုင်းအန္တရာယ်ကို သတိပြုရန်ဆိုသည့် အကြမ်းဖက်စစ်​ကောင်စီတပ်၏ အ​နောက်​မြောက်ပိုင်းတိုင်း ညွှန်ကြားစာ

ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် PDF များမိုင်းထောင်နိုင်သည်ကို မပြတ်စူးစမ်း၍ မိုင်းထောင်ထားသည့် အချက်ပြအမှတ်အသား ရှိ၊မရှိကို ရှေ့​ပြေးတပ်စုကို စနစ်တကျ မှာကြားရမည်ဟု အသိပေးထားသည်။

စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ရီမုမိုင်းများ၏ အန္တရာယ်ကို သတိပြုရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်များကို ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားစာများအရ စစ်ဆင်ရေး၊လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသော စစ်သည်များသည် ချီတက်သွားလာရာနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်ရာတွင် မိုင်းအသိ၊မိုင်းသတိရှိစွာ ဆောင်ရွက်ရန် PDFများ မိုင်းထောင်နိုင်သည့် နေရာများကို ကြိုတင်မျှော်တွေး၍ စနစ် တကျ မိုင်းရှင်းလင်းရန် ပါဝင်သည်။

PDF များ အသုံးပြုနေသည့် ရီမုမိုင်းများကို Jammer (ကန့်သတ်ထားသည့် ဧရိယာ၌ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပေးခြင်းနှင့် ဆက်သွယ်ရေးကိရိယာ အသုံးပြုသော အဝေးထိန်းဖောက်ခွဲမှုကို ကာကွယ်ပေးသည့်ပစ္စည်း) များစနစ်တကျ အသုံးပြုဆောင်ရွက်ရန်လည်း ညွှန်ကြားစာက ဆိုသည်။

ထို့အပြင် PDF များသည် ဒေသန္တရ လက်လုပ်မိုင်းများ အသုံးပြုတိုက်ခိုက်သဖြင့် ပတ်ဝန်းကျင်နှင့် ချီတက်ရာလမ်းကြောင်းတွင် မရှိသင့်သည့် သဘာလွန်ပစ္စည်းများ တွေ့ရှိပါက မိုင်းအသိ၊မိုင်းသတိဖြင့်ဆောင်ရွက်ရန်လည်း အကြမ်းဖက်စစ်ကောင်စီက ဆိုထားသည်။

Public Service Announcement

Public Service Announcement

ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် PDF များမိုင်းထောင်နိုင်သည်ကို မပြတ်စူးစမ်း၍ မိုင်းထောင်ထားသည့် အချက်ပြအမှတ်အသား ရှိ၊မရှိကို ရှေ့​ပြေးတပ်စုကို စနစ်တကျ မှာကြားရမည်ဟု အသိပေးထားသည်။

လမ်းကြောင်းအသုံးပြုခြင်းကို ရှောင်ကြဥ်ကာမဖြစ်မနေ လမ်းကြောင်းအသုံးပြုရပါက စနစ်တကျ မိုင်းရှင်းလင်းပြီးမှသာ ချီတက်ပြီး PDF များအသုံးပြုသည့် မိုင်းအမျိုးအစားအလေ့အထကို နားလည် သဘောပေါက်စေရန် လက်အောက်စစ်သည်များကို ရှင်းလင်းရမည်ဟုလည်း ပါရှိသည်။

“စစ်ခွေးတွေရဲ့ ဗျူဟာအရဆိုရင် နိုဝင်ဘာလကတည်းက လေကြောင်းအသုံးပြု ထောက်ပို့ပိုများလာတာ တွေ့ရတယ်။ဒါကလည်း မိုင်းတွေထိလို့ သူတို့ ဗျူဟာပြောင်းတယ်လို့ မြင်တယ်။ တစ်ခုရှိတာ ကျွန်တော်တို့ ဒေသခံတပ်ဖွဲ့တွေက သတ္တိချင်းကတော့ သူတို့ထက် အမြဲသာတယ်။ဒါပေမယ့်လို့ လက်နက်ချင်း ယှဥ်ရင် နိမ့်နေသေးတယ်။ ပျောက်ကြားစနစ်နဲ့ပဲ သူတို့ ကို မိုင်းဆွဲ တိုက်ခိုက်နိုင်တာပဲ များသေးတယ်။ဒါကြောင့် မောင်းပြန် သေနတ်တွေ တစ်ယောက်စီတိုင်းရဖို့ အတွက်ပြည်သူတွေကို အားကိုးတယ်”ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံလုံးက PSသို့ ပြောသည်။

ပြည်သူ့တပ်ဖွဲ့များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် နေ့စဥ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးဒဏ်ရာရရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။