Connect with us

Hi, what are you looking for?

News

ကုလမှာ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားပြုခွင့်မပေးတဲ့အရည်အချင်းစစ်ကော်မတီရဲ့ဆုံးဖြတ်ချက်ကို CRPH ကြိုဆို

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီရဲ့ဆုံးဖြတ်ချက်ကို (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်နိုင်ရေး ဆက်လက်ကူညီပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုတယ်လို့လည်း CRPH ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်မပေးသော စိစစ်ရေးကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမြဲ တမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိနိုင်ရေးတောင်းဆိုကြောင်း ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီရဲ့ဆုံးဖြတ်ချက်ကို (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်နိုင်ရေး ဆက်လက်ကူညီပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုတယ်လို့လည်း CRPH ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရေး အပါအဝင် စစ် အာဏာရှင်များအပြီးတိုင် ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် ကမ္ဘာနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် ရေးပိတ်ဆို့မှုတွေဟာ အရေးပါတဲ့ ကူညီဆောင်ရွက်မှုတွေဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ ပတ်သက်လို့ ရွှေ့ဆိုင်းဖို့ ဒီဇင်ဘာ ၁ ရက်မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆုံးဖြတ်ချက်ချမှတ်မှုအပေါ် အရည်အချင်းစစ်ကော်မတီဥက္ကဋ္ဌ ဆွီဒင်နိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး Mrs. Anna Karin Enestrom နဲ့ ကော်မတီ အဖွဲ့ဝင်တွေကို မြန်မာပြည်သူများ ကိုယ်စား များစွာကျေးဇူးတင်ကြောင်းလည်း CRPH က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။