Connect with us

Hi, what are you looking for?

News

မန္တ​လေးမှ မုံရွာသို့လာသည့် အကြမ်းဖက်စစ်တပ် လက်နက်နှင့် ရိက္ခာများပါယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မိုင်းဆွဲမှု မှလွတ်ကင်းသွားသည့် ကားများအနက်​ခြောက်စီးသည် ညနေ ၄ နာရီဝန်းကျင်တွင်အနောက် မြောက်တိုင်းစစ်ဌာနချုပ် သို့ ဝင်ရောက်ခဲ့ပြီး ကျန်လေးစီးသည် အလုံ မင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိသွားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မန္တလေးဘက် မှ မုံရွာမြို့သို့လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ တင်ဆောင်လာသော ကား ၁၁စီးပါ ယာဥ်တန်းအုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့(ဒီဇင်ဘာ ၂ ရက်) ထုတ်ပြန် သည်။

ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က မန္တလေး -မုံရွာ လမ်းမကြီးပေါ်ရှိ မြေနဲကျေးရွာ နှင့်မင်းရွာကျေးရွာ အကြား စွမ်းရည်ထက်ဆီဆိုင်၏ တောင်ဘက်နားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီ၏ပစ္စည်းများတင်ဆောင်လာသည့် တွဲကား ၁၁ စီးအနက်တစ်စီးထိမှန်ခဲ့​ပြီး ကားရှေ့ခေါင်းခန်းနှင့် ရှေ့ဘီးများ စုတ်ပြတ်သွားသည်။

အဆိုပါတိုက်ခံမှုကြောင့် စစ်ကောင်စီ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် ထိခိုက်ဒဏ်ရာရမှု အခြေအနေ ပြင်းထန်ခဲ့​ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

နေ့လည် ၁၂ နာရီခန့်တွင် လူနာတင်ကားဖြင့် ဒဏ်ရာရ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်သာ တင်သွားသည် ဟုသိရပြီး တိုက်ခိုက်ခံရသည့်နေရာ၏ ​မျက်ကွယ်တွင်ရောက်ရှိနေသော ပြည်သူ နှစ်ဦးလည်း မတော်တဆ ထိမှန်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည်ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

မိုင်းဆွဲမှု မှလွတ်ကင်းသွားသည့် ကားများအနက်​ခြောက်စီးသည် ညနေ ၄ နာရီဝန်းကျင်တွင်အနောက် မြောက်တိုင်းစစ်ဌာနချုပ် သို့ ဝင်ရောက်ခဲ့ပြီး ကျန်လေးစီးသည် အလုံ မင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိသွားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မိုင်းထိခဲ့သည့် ကားပေါ်ပါပစ္စည်းများကို အခြား ကားတစ်စီးဖြင့် ပြောင်းယူကာ အကြမ်းဖက်စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြားဖြင့် ယနေ့ည ၇ နာရီကျော်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ယူခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။