Connect with us

Hi, what are you looking for?

News

ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှစ်ဆမြင့်တက်

အ​ကြမ်းဖျဥ်းအားဖြင့် အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ငါးနှစ်ကထက် နှစ်ဆမြင့်တက်လာတာဖြစ်ပါတယ်။

ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုဟာ နှစ်ဆမြင့်တက်လာပြီး ပြည်သူတစ်ဝက်ခန့်ဟာ တစ်ရက်တစ်ဒေါ်လာအောက်ဝင်ငွေနဲ့ ရပ်တည်ရလိမ့်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှစီမံကိန်း(UNDP) က ပြောပါတယ်။

လာမယ့်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်ရလိမ့်မယ်လို့ UNDPက ဒီဇင်ဘာ ၁ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အ​ကြမ်းဖျဥ်းအားဖြင့် အဲဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ငါးနှစ်ကထက် နှစ်ဆမြင့်တက်လာတာဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုမျဥ်းအောက်က လူဦးရေရာခိုင်နှုန်းဟာ ၂၀၁၇ က ရှိခဲ့တဲ့ ၂၄.၈ ရာခိုင်နှုန်းကနေ ၄၆.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တစ်ရက်ဝင်ငွေဟာ ၁၅၉၀ ကျပ်(ဒေါ်လာ ၀.၉၀)သာ ရှိမယ်လို့ UNDPက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြို့ပြဒေသမှာ ဆင်းရဲမွဲတေမှုဟာ ၂၀၂၂ အစောပိုင်းမှာ ၂၀၁၇ တုန်းက ၁၁.၃ ရာခိုင်နှုန်းထက် သုံးဆကျော် ၃၇.၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။

“ဒီနှုန်းနဲ့ ဆင်းရဲမွဲတေမှုမြင့်တက်မှုဟာအလယ်အလတ်လူတန်းစား ပျောက်ကွယ်မယ့်သဘောသက်ရောက်ပါတယ်”လို့ UNDP ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုဒါရိုက်တာ Kanni Wignaraja က ပြောပါတယ်။

ကိုးကား – Nikkei Asia

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

ဆောင်းပါး

အဓိကအချက်များ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။ ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင်...

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

Facebook