Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင် စစ်​ကောင်စီတပ်မိုင်းကွင်းအတွင်းဝင်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း​သေဆုံးနိုင်ဟုထုတ်ပြန်

ထိုသို့ထိတွေ့မှုအပြီးတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီတပ်ဖွဲ့အား အပြီးအပြတ်ချေမှုန်းတိုက်ခိုက်ရန် အင်အားဖြည့်စစ်ကူပေးခဲ့ကြောင်း ဂဠုန်တပ်တော်က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယ​နေ့တွင် မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်သားများဝင်​ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း ​သေဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာလ ၃ ရက်) ညနေ ၃း၂၀ အချိန်ခန့်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ္တန်းတောတိုက်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၈၀ ကျော်ခန့်ကို ဂဠုန်တပ်တော်၊ ဗိုလ်ဇေယျာ Squad နှင့် ကောင်းကင်အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများသည် မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသောကြောင့် မိမိတို့ပူးပေါင်းအဖွဲ့များက တိတိကျကျဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၎င်းဖောက်ခွဲမှုတွင် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းကျဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်၏ စစ်ကဲမှုး ဆရာအောက်ချင်းမှအတည်ပြုကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

ထိုသို့ထိတွေ့မှုအပြီးတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီတပ်ဖွဲ့အား အပြီးအပြတ်ချေမှုန်းတိုက်ခိုက်ရန် အင်အားဖြည့်စစ်ကူပေးခဲ့ကြောင်း ဂဠုန်တပ်တော်က ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ
အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းများခွဲပြီး စစ်ကြောင်းထိုးခဲ့ရာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်မှကျဆုံးထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။