Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် စစ်​ကောင်စီတပ်မိုင်းကွင်းအတွင်းဝင်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း​သေဆုံးနိုင်ဟုထုတ်ပြန်

ထိုသို့ထိတွေ့မှုအပြီးတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီတပ်ဖွဲ့အား အပြီးအပြတ်ချေမှုန်းတိုက်ခိုက်ရန် အင်အားဖြည့်စစ်ကူပေးခဲ့ကြောင်း ဂဠုန်တပ်တော်က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယ​နေ့တွင် မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်သားများဝင်​ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း ​သေဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာလ ၃ ရက်) ညနေ ၃း၂၀ အချိန်ခန့်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ္တန်းတောတိုက်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၈၀ ကျော်ခန့်ကို ဂဠုန်တပ်တော်၊ ဗိုလ်ဇေယျာ Squad နှင့် ကောင်းကင်အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများသည် မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသောကြောင့် မိမိတို့ပူးပေါင်းအဖွဲ့များက တိတိကျကျဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ၎င်းဖောက်ခွဲမှုတွင် စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းကျဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်၏ စစ်ကဲမှုး ဆရာအောက်ချင်းမှအတည်ပြုကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

ထိုသို့ထိတွေ့မှုအပြီးတွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီတပ်ဖွဲ့အား အပြီးအပြတ်ချေမှုန်းတိုက်ခိုက်ရန် အင်အားဖြည့်စစ်ကူပေးခဲ့ကြောင်း ဂဠုန်တပ်တော်က ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ
အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းများခွဲပြီး စစ်ကြောင်းထိုးခဲ့ရာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်မှကျဆုံးထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။