Connect with us

Hi, what are you looking for?

News

မန္တ​လေး-​ရွှေဘိုလမ်း​ပေါ် စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ၊ ကား​လေးစီးပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများ

မန္တလေး-ရွှေဘိုလမ်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်းလမ်းပိုင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီကားများ မကြာခဏတိုက်ခိုက်ခံနေရပြီး မုံရွာ-မန္တလေးလမ်းနှင့် မုံရွာ-ပခုက္ကူလမ်းပိုင်းကိုလည်း ဒေသတွင်း PDFများက သွားလာခွင့်ယာယီပိတ်ထားသည်။

(မိုင်းဆွဲတိုက်ခိုက်ခဲ့​သော​နေရာအနီး)

စစ်ကိုင်းမြို့နယ် မန္တလေး-ရွှေဘိုလမ်းပေါ်တွင် ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီကား​လေးစီးပျက်စီးပြီးထိခိုက်ဒဏ်ရာရရှိသူများကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့( ဒီဇင်ဘာလ ၄ ရက်)ည ၉နာရီ ၄၅မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ မန္တလေး-ရွှေဘိုလမ်းမ၊ သိမ်ချောင်းလမ်းကွေ့တွင် စစ်ကိုင်းဘက်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၀စီးကျော်ပါ ယာဉ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်ဦးဆောင်သောတပ်စုက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကား ၄ စီးပျက်စီးသွားကာ တပ်သားအများအပြားဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီကားများသည် မိုးကာအုပ်ထားသည့်အတွက် ထိခိုက်သေဆုံးမှုကို အ‌‌သေအချာ မသိရသေးကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

မိုင်းထိမှန်ပျက်စီးခဲ့သည့်ကားများအား ယနေ့မနံနက်ပိုင်းအထိ လာမယူသေးကြောင်းဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေး-ရွှေဘိုလမ်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်းလမ်းပိုင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီကားများ မကြာခဏတိုက်ခိုက်ခံနေရပြီး မုံရွာ-မန္တလေးလမ်းနှင့် မုံရွာ-ပခုက္ကူလမ်းပိုင်းကိုလည်း ဒေသတွင်း PDFများက သွားလာခွင့်ယာယီပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။