Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ထောင်ထား​သောမိုင်းကြောင့် မိခင်​သေဆုံးပြီး ၂နှစ်အရွယ်ကလေးငယ်​ ခြေတစ်ဖက်ဖြတ်လိုက်ရ

မင်းတပ်မြို့တွင် လူနေကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြုပ် မိုင်း ပေါက်ကွဲကာ မိခင်တစ်ဦး​သေဆုံးပြီး၊ ၂ နှစ်အရွယ်သမီးငယ်ဖြစ်သူ ​ခြေတစ်ဖက်ပြတ်ကာ၊ဦး​​ခေါင်းပါဒဏ်ရာရရှိခဲ့​ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်သည်။

(​ခြေတစ်ဖက်ဖြတ်လိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့​​သောလေးငယ်)

ယမန်နေ့( ဒီဇင်ဘာ ၅ ရက်) နေ့လယ်က မိသားစုတစ်စုသည် တောင်ယာသွားလုပ်ပြီး နေအိမ်သို့ပြန်လာချိန်တွင်အိမ်ရှေ့အရောက်၌ မိုင်းပေါက်ကွဲမှု ကြုံတွေ့ရခြင်းဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူသည် ပွဲချင်း သေဆုံးခဲ့ပြီး ၂ နှစ်အရွယ် သမီးဖြစ်သူသည် ညာခြေပြတ်ကာ၊ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် စိုးရိမ်ရသောအခြေနေရှိနေသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုအပြင် မိုင်းပေါက်ကွဲသည့် နေရာအနီးမှ အမျိုးသမီးတစ်ဦးလည်း မိုင်းစထိမှန် ဒဏ်ရာအနည်းငယ် ရခဲ့သည်။

အဆိုပါ မိုင်းသည် လူနေကျေးရွာအတွင်း အိမ်ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီက ထောင်ထားခဲ့ခြင်းဖြစ်​ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ် ရှိမြို့နယ်အချို့တွင် စစ်​ကောင်စီတပ်က လူ​နေ​​ကျေးရွာနှင့်​တောင်ယာအတွင်း မိုင်း​ထောင်ထားသဖြင့် ​ဒေသခံပြည်သူများ ထိ့ခိုက်မှု မကြာခဏ ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။