Connect with us

Hi, what are you looking for?

News

ပျူစောထီးများလိုက်ပါလာသည့်ကားကို မိုင်းခွဲတိုက်ခိုက်

ပျူစောထီး ခုနှစ်ဦး လိုက်ပါလာသော ကားကို ကန့်ဘလူမြို့နယ် ရင်ခတ်ကျေးရွာအနီးတွင် အဝေးထိန်းစနစ်ဖြင့်မိုင်းသုံးဆင့်ခွဲကာတိုက်ခိုက်ခဲ့သည်ဟု Kanbalu Underground Warriors က ထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ်တွင်ပျူစောထီးများ လိုက်ပါလာသည့်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ပျူစောထီး ခုနှစ်ဦး လိုက်ပါလာသော ကားကို ကန့်ဘလူမြို့နယ် ရင်ခတ်ကျေးရွာအနီးတွင် အဝေးထိန်းစနစ်ဖြင့်မိုင်းသုံးဆင့်ခွဲကာတိုက်ခိုက်ခဲ့သည်ဟု Kanbalu Underground Warriors က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၆ရက်)နေ့လည် ၁ နာရီ ၃၃ မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသေအပျောက်စာရင်းမသိရသေးဟုထုတ်ပြန်သည်။

“ပျူတွေ လာတဲ့လမ်းကြောင်းကို သေချာ စောင့်ကြည့်ပြီး တိုက်တာ။ ပျုတွေ အထိနာသွားပါတယ်”ဟု Kanbalu Underground Warriors ၏ တိုက်ခိုက်မှုအခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာမှ ပျူစောထီးအဖွဲ့ကိုလည်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA) ဦးဆောင်၍ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ယနေ့တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook