Connect with us

Hi, what are you looking for?

News

ဂန့်ဂေါခရိုင် CDMပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) ဖွဲ့စည်း

ဂန့်ဂေါခရိုင်အတွင်း ဂန်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု နှင့် ကျောမြို့နယ်တို့ပါဝင်သည့် CDM ပြည်သူ့ရဲ တပ်ဖွဲ့ (ယာယီ) ကိုယနေ့(ဒီဇင်ဘာ ၆ရက်)ရက်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ကလေးမြို့တွင် CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ဖွဲ့စည်းလိုက်ပြီးနောက် ဂန့်ဂေါခရိုင်တွင်လည်း CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ) ကို ဖွဲ့စည်းလိုက်သည်။

ဂန့်ဂေါခရိုင်အတွင်း ဂန်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု နှင့် ကျောမြို့နယ်တို့ပါဝင်သည့် CDM ပြည်သူ့ရဲ တပ်ဖွဲ့ (ယာယီ) ကိုယနေ့(ဒီဇင်ဘာ ၆ရက်)ရက်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဂန့်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ)သည် အထက်ပါ မြို့နယ်ငါးခုအတွင်းရှိ ဒုစရိုက်မှုများကို နှိမ်နှင်းခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားမျှတမှုများကို ဖော်ထုတ်ပေးခြင်း စသည့် ပြည်သူ့ဘဝ လုံခြုံရေး လုပ်ငန်းစဉ်များကို အဓိက ဦးစားပေးလုပ်ကိုင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်ပြီး တရားဝင် “ဂန်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့” ဖွဲ့စည်းနိုင်သည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်​ကြောင်းဂန့်ဂေါခရိုင် CDM ပြည်သူ့ရဲတပ်ဖွဲ့ (ယာယီ)က ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်(Kalay PDF)က ဦးဆောင်ကာ ဒေသတွင်းရှိ CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service ရဲအဖွဲ့ကို ယနေ့စတင်ဖွဲ့စည်းခဲ့သည်။​​နွေဦး​တော်လှန်​ရေးတွင် နိုဝင်ဘာလကုန်ပိုင်းအထိ့ နိုင်ငံတစ်ဝန်းပြည်သူရင်ခွင်လှုံ့လာ​​သော ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ​ကျော်ရှိ​နေပြီဟု အမျိုးသားညီညွတ်​ရေးအစိုးရက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။