Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးနယ်ခံ ၁၀ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

စစ်ကောင်စီတပ်သည် ယနေ့တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာသို့ ဝင်ရောက်ပြီး ကိုင်းတောထဲ တွေ့သည့် ပြည်သူများကို ဖမ်းဆီး ကြိုးတုပ် မီးရှို့သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒေသခံ ၁၀ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားကြောင်း PVTV သတင်းတွင် ယ​နေ့( ဒီဇင်ဘာ ၇ရက်) ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာသို့ ဝင်ရောက်ပြီး ကိုင်းတောထဲ တွေ့သည့် ပြည်သူများကို ဖမ်းဆီး ကြိုးတုပ် မီးရှို့သွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

“အသတ်ခံရသူ ရွာသူရွာသား ၁၀ဦးဖြစ်ပြီး စာရင်းအတိ အကျကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျေးစာကျရွာကို စစ်ကြောင်းထိုးပြီး ပြည်သူတစ်ယောက်ကို သတ်သွားပြီးအပြန်မှာ မိုင်းဆွဲခံရတဲ့အတွက် ဒုန်းတောရွာကို ဝင်ပြီး အခုလို အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်”ဟု PVTV သတင်းတွင် ဖော်ပြထားသည်။

ကျေးစာကျ၊ ရွာသာ၊ ဂုဏ်တော၊ဒုံးတောနှင့် ကံကုန်းကျေးရွာများ၌ စစ်ဘေးရှောင်ပြည်သူ ၅၀၀ကျော်ရှိပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒုန်းတောရွာဖြစ်စဉ် အသေးစိတ်အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် ဒေသခံအချို့ထံ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေး၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များ၌ ကျေးလက်ဒေသများသို့ ဝင်ရောက်စီးနင်းမှုများ၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ယခင်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။