Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် သံပုံးတီးသည်ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်များ ​သောင်းကျန်း​​နေ

တာမွေမြို့နယ်အတွင်းရှိ သီတာ၊ သြဘာ၊ အောင်မဂ်လာနှင့် အင်းဝလမ်းများသို့ စစ်ကားများဖြင့် ဝင်ရောက်ကာ ဆဲဆိုခြင်း၊ သေနတ်များဖြင့် တိုက်ခန်းများဆီချိန်ရွယ်၍ ခြိမ်းခြောက်ပြောဆိုခြင်း၊ တိုက်ပေါ်တက် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

-အဖမ်းမခံလိုသည့် လူငယ်တစ်ဦး ငါးလွှာတိုက်ပေါ်မှ ခုန်ချဟုဆို

ယနေ့(ဒီဇင်ဘာ ၇)ည ၈ နာရီ ရန်ကုန်မြို့၌ သံပုံးတီး၍ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်းပြသချိန်တွင် တာမွေ၊ ကမာရွတ်နှင့် မဂ်လာ​တောင်ညွန့်မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက ဖမ်းဆီးခြင်း၊ ကားမှန်များရိုက်ခွဲခြင်းနှင့် ပြည်သူများအား ဆဲဆိုကြိမ်းမောင်ကာ သောင်းကျန်း​နေကြောင်း ဒေသခံများက ပြော သည်။

တာမွေမြို့နယ်အတွင်းရှိ သီတာ၊ သြဘာ၊ အောင်မဂ်လာနှင့် အင်းဝလမ်းများသို့ စစ်ကားများဖြင့် ဝင်ရောက်ကာ ဆဲဆိုခြင်း၊ သေနတ်များဖြင့် တိုက်ခန်းများဆီချိန်ရွယ်၍ ခြိမ်းခြောက်ပြောဆိုခြင်း၊ တိုက်ပေါ်တက် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ရပ်ကွက်လမ်းများအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန် အောင်မဂ်လာလမ်းနှင့် အင်းဝလမ်းထောင့် တိုက်တစ်တိုက်ရှိ လူငယ်တစ်ဦးက လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်စဥ် စစ်ကောင်စီတပ်များမြင်တွေ့သွား၍ တိုက်ပေါ်တက်ဖမ်းဆီးသည်ကို ထိုလူငယ်က အဖမ်းမခံလို၍ ငါးလွှာရှိတိုက်ပေါ်မှ ခုန်ချသွားကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ကျောက်မြောင်းမှာ သံပုံးတွေပြန်တီးတာ ၃ ရက်လောက်ရှိပြီ။ ပြည်သူတွေက သံပုံးတွေပုံမှန်ပြန်တီးလာတော့ စကစတွေက ရပ်ကွက်ထဲလှည့်ပြီး လိုက်ဖမ်းတာတွေ လုပ်လာတယ်။ ဒီညလည်း အောင်မဂ်လာဘက်က ၂ ယောက်ပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ တိုက်ပေါ်တက်ဖမ်းဆီးသည်ကို ၎င်းတို့လက်ဝယ်အဖမ်းမခံလိုသောကြောင့် တိုက်ပေါ်မှခုန်ချသည်ဆိုသော လူငယ်တစ်ဦး၏သတင်းနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ကမာရွတ်မြို့နယ် (၃)ရပ်ကွက် ရတနာလမ်းရှိ ကားများကိုလည်း အကြမ်းဖက်စစ်​ကောင်စီတပ်သားများ ရမ်းကား၍ ရိုက်နှက်ဖျက်ဆီးသွားခဲ့သည်။ ထိုသို့ဖျက်ဆီးမှု​ကြောင့် ရမ်းကားဖျက်ဆီးမှု​ကြောင့် ကားအစီး​ရေ ၂၀ထက်မနည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

မဂ်လာ​တောင်ညွန့်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်သားများက ပြည်သူများအား ​အော်ဟစ်ဆဲဆို​နေ​ကြောင်း ​ဒေသခံတစ်ဦးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆောင်းပါး

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်​နဲ့ ခွဲခဲ့ရတယ်။

သတင်း

စမ်းချောင်းမြို့နယ်အတွင်း၌လည်း အထက်တန်းကျောင်း တစ်ကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။

သတင်း

ကားလမ်းများပါ ရေကြီးရေလျှံမှု​ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။