Connect with us

Hi, what are you looking for?

News

Mytel ​Myanmar ပေ့ချ်ကို ​ဖေ့စ်ဘွတ်ခ်ဖယ်ရှား

မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်တူ စီးပွားရေး လုပ်ငန်းများအနေဖြင့် အကြမ်းဖက်အားပေးလုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းသည်။

အာဏာသိမ်းစစ်​ကောင်စီနှင့် ဗီယက်နမ်စစ်တပ်ပိုင်Viettelကုမ္ပဏီတို့ပူး​ပေါင်းလုပ်ကိုင်​နေ​သော Mytel ဖုန်း​အော်ပ​ရေတာ၏ Mytel Myanmar ​ဖေ့စ်ဘွတ်ခ်​ပေ့ချ်ကို ​ဖေ့စ်ဘွတ်ခ်က ယ​နေ့ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၏ စာမျက်နှာများ၊ ဂရု(ဖ်)များနှင့် အကောင့်များကို ဖယ်ရှားလိုက်​ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta က ယနေ့ထုတ်ပြန်ကြေညာပြီး​နောက် Like လုပ်ထားသူ သန်းနှင့်ချီရှိ​သော Mytel Myanmar ​ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ လုံးဝ​ပျောက်ကွယ်သွားခြင်းဖြစ်သည်။

မည်သည့် Page များ၊ဂရု(ဖ်)များ၊ အ​ကောင့်များကိုဖယ်ရှားသည်ဟု မသိရ​သေး​သော်လည်း အကြမ်းဖက်စစ်တပ်နှင့်ဆက်စပ်​သော လုပ်ငန်းများစွာရှိ​နေသဖြင့် အ​ရေအတွက်များမည်ဖြစ်ပြီး ၊Mytel ​​ဖေ့စ်ဘွတ်ခ်စာမျက်နှာဖယ်ရှားခံရ​ကြောင်း ပထမဆုံးသိရခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်သည် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှု တိုးချဲ့လိုက်ပြီး စစ်တပ်၏ ကျူးလွန်နေဆဲ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို နိုင်ငံတကာအသိုင်းအဝန်း၏ ကျယ်ပြန့်သည့်အထောက် အထားများကို အခြေခံကာ ယခုလို အရေးယူလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။စစ်​​ကောင်စီတပ်ကိုယခုကဲ့သို့ဒဏ်ခပ်အ​ရေးယူ​သောအခါ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) ၏အစီရင်ခံစာပါ အချက်အလက်များအတိုင်း ဆောင်ရွက်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေ့စ်ဘွတ်ခ်သည် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ဝန်းကျင်လုံခြုံ​ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လုပ်သွားမည်ဟု ထုတ်ပြန်သည်။

မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ်တူ စီးပွားရေး လုပ်ငန်းများအနေဖြင့် အကြမ်းဖက်အားပေးလုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က တိုက်တွန်းသည်။

“ဒီလို နိုင်ငံတကာ အသိုင်းအဝိုင်း က ပြစ်ဒဏ်ချ ပိတ်ဆို့အရေးယူမှုတွေကို လုပ်တဲ့အခါ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (UN FFM) ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေအတိုင်း ဆောင်ရွက်ကြတာပါ။ ပြည်သူတွေအနေနဲ့လည်း FFM အစီရင်ခံစာပါ အချက်အလက်တွေ နဲ့ အကြံပြုချက်တွေကို လက်ခံ လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလက်ရှိ စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာလည်း IIMM ရဲ့ မှတ်တမ်းထဲ၀င်နေပါပြီ” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

သတင်း

ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ခ်အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ မသင့်တော်တဲ့အပြုအမူတွေ တင်နေကြတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကို ထိန်းကြဖို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌက မိန့်ကြားပါတယ်။