Connect with us

Hi, what are you looking for?

News

မူဆယ်ဘက် အင်အားဖြည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ရာ ကားတစ်စီး မီးလောင်ပျက်စီး

စစ်ကား (၅၀)ခန့်ဖြင့် စစ်ကောင်စီတပ် ယာဥ်တန်း မူဆယ်ဘက်ကို ထွက်လာတဲ့၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ဘက်သို့ စစ်အင်အား ဖြည့်တင်းလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့(ဒီဇင်ဘာ၈) နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၄)၊ တပ်ရင်း(၈)နယ်မြေ ကွတ်ခိုင်မြို့ နယ် နမ့်ဘာချီးကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်၌ ဒီဇင်ဘာ ၈ရက် မနက် ၂နာရီ ၄၅မိနစ်ခန့်က တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေး Kachinnet Burmese က ဖော်ပြသည်။

“နမ့်ဘာချီဆိုတာ ကွတ်ခိုင်ကနေ လားရှိုးဘက်ထွက်ရင် လွိုင်ဆမ်ဆစ်တောင် အောက်ခြေနားက။ မန္တလေးဘက်က လာရင် ကွတ်ခိုင်အဝင်ရွာပဲပေါ့။ ယာဉ်တန်းတွေကတော့ အများကြီးဗျ။ ကားတွေအများကြီးဖြတ်သွားတယ်လို့ ပြောတယ်။ အခုက နှစ်ဖက်လုံးက အသားကုန်ဖြည့်နေကြတာ”ဟု နမ့်ဖက်ကာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကား (၅၀)ခန့်ဖြင့် စစ်ကောင်စီတပ် ယာဥ်တန်း မူဆယ်ဘက်ကို ထွက်လာတဲ့၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိပြီး စစ်ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကိုပင် ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ ရှုခင်းသာ အနီးတွင် KIAကထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

KIAအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးညှင်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။