မနက်ဖြန် (ဒီဇင်ဘာ၁၀)ပြုလုပ်မည့် Silent Strike (အသံတိတ်သပိတ်)နေ့တွင် အဆိုတော် Rဇာနည်နှင့်သီဆိုထားသည့် သီချင်းသစ်တစ်ပုဒ်ကို အွန်လိုင်း၌ တင်ပေးမည်ဖြစ်ကြောင်း အဆိုတော်လင်းလင်းက ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မျှဝေထားသည်။
“ မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက် Silent Strike မှာမိတ်ဆွေ ရောင်းရင်း မိသားစုပြည်သူများ အားလုံး ပူးပေါင်းပါဝင်ခါသီချင်းအသစ်လေးလဲ နားထောင်Lyrics ဗွီဒီယိုလေးလဲကြည့်ရင်း အိမ်ထဲကနေဘဲ Click2donate မှာ Click နှိပ်ပြီး တော်လှန်ရေး လိုအပ် ချက်တွေဖြည့်ဆည်းမှုမှာ အတူတစ်ကွပါဝင်ကြမယ်” ဟု လင်းလင်းက ရေးသားထားသည်။
သီချင်းအမည်မှာ ‘နောက်ဆုံးဖြစ်ရမယ်’ ဖြစ်ပြီး လင်းလင်းကိုယ်တိုင်ရေးသားကာ Music Produced ပြုလုပ်ထားခြင်းဖြစ်သည်။
Click2Donate ၌ တင်မည့် Link ကိုလည်း မနက်ဖြန် တင်ပေးမည်ဖြစ်ပြီး Click2Donate မှရရှိသည့်ငွေများကို တော်လှန်ရေးအတွက် လှူဒါန်းသွားမည်ဟု လင်းလင်းက ရေးသားထားသည်။

Public Service Announcement
















































