Connect with us

Hi, what are you looking for?

News

မြန်မာ့ အကျပ်အတည်း ဖြေရှင်းဖို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ အမေရိကန် အရှိန်မြှင့်လာဖွယ်ရှိ

အစောပိုင်း သတင်းတွေအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း တောင်တရုတ်ပင်လယ် ပြဿနာနဲ့ မြန်မာ့အရေးတွေ ဆွေးနွေးဖို့ အရှေ့တောင်အာရှကို လာရောက်မယ်လို့ သိရပါတယ်။ ဘလင်ကန်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတို့ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ မြှင့်တင်ပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ပါဝင် ဖြေရှင်းဖို့ အမေရိကန်က ပိုမို အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြံပေး အရာရှိ ဒါရက်ခ် ချောလတ်ဟာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၃ ရက်ထိ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီ သွားရောက်မယ်လို့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ပြန်ကြားရေး ဌာနက ဖော်ပြခဲ့ပါတယ်။

ချောလတ်ရဲ့ ခရီးစဉ်မှာ အာဆီယံ ဒေသတွင်း အရေးပါတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဖနွမ်ဖတ်မြို့ကို ရောက်ရှိနေချိန် အတောအတွင်း ချောလတ်ဟာ အာဆီယံရဲ့ အလှည့်ကျ သဘာပတိသစ် ဖြစ်လာမယ့် ကမ္ဘောဒီးယား အစိုးရနဲ့ မူဝါဒရေးရာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။

ဂျကာတာမှာတော့ အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ရဲ့ မဟာဗျူဟာ လက်တွဲ ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်ရေး ကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ချောလတ် အနေနဲ့ သူ့ရဲ့ ခရီးစဉ် အတောအတွင်းမှာ အာဏာသိမ်း မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို အမေရိကန်နဲ့ အာဆီယံ ပူးပေါင်း ဖိအားပေး ရန်တန့်နိုင်ဖို့လည်း အားထုတ်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ မြန်မာနိင်ငံမှာ မတရား ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွတ်မြောက်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ရေး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေ အတွက်ပါ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အစောပိုင်း သတင်းတွေအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း တောင်တရုတ်ပင်လယ် ပြဿနာနဲ့ မြန်မာ့အရေးတွေ ဆွေးနွေးဖို့ အရှေ့တောင်အာရှကို လာရောက်မယ်လို့ သိရပါတယ်။ ဘလင်ကန်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းတို့ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဂျကာတာ၊ ကွာလာလမ်ပူနဲ့ ဘန်ကောက် ခရီးစဉ်တွေဟာ လုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အဓိက ရည်ရွယ်ကြောင်း၊ ဘလင်ကန်ဟာ ရာသီဥတု ထိန်းသိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေအပြင် အခြေအနေ ဆိုးသထက် ဆိုးလာနေတဲ့ မြန်မာ့နိုင်ငံရေး အရှုပ်အထွေးတွေကိုပါ ဦးတည် ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် အတွင်းဝန် ဒန်နီရယ်လ် ခရစ်တန်ဘရင့်ခ်က ဆိုပါတယ်။

ဘလင်ကန် အနေနဲ့ သူရောက်ရှိတဲ့ နိုင်ငံ တစ်ခုချင်းစီက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ အာဏာသိမ်း မြန်မာ စစ်တပ် ကျူးလွန်ထားတဲ့ ပြစ်မှုတိုင်းအတွက် ထိုက်တန်တဲ့ တာဝန်ခံမှု ရှိစေဖို့၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ဖို့ အထူးအရေးကြီးကြောင်း အမေရိကန်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း အသိပေးသွားမှာ ဖြစ်တယ်လို့လည်း ခရစ်တန်ဘရင့်ခ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။