Connect with us

Hi, what are you looking for?

News

မုံရွာ-ရွှေဘိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၍ စစ်သား၁၀ဦးထက် မနည်း​သေ

ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ARA မှ ဗိုလ် ယက္ခ နှင့် ဗိုလ်ရောင်နီတို့ ဦးဆောင်ကာ ဇရစ်ကျေးရွာနှင့် မြေနက်ကျေးရွာကြား၌ ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

မုံရွာ-ရွှေဘိုလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက် မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARAက ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ARA မှ ဗိုလ် ယက္ခ နှင့် ဗိုလ်ရောင်နီတို့ ဦးဆောင်ကာ ဇရစ်ကျေးရွာနှင့် မြေနက်ကျေးရွာကြား၌ ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမှာ စစ်ကောင်စီအရာရှိတစ်ဦးကို ကြိုလာသည့် ယာဥ်တန်းဖြစ်ပြီး ယင်းအနက် ကားအသေးနှစ်စီးမှာ မိုင်းထိ၍ နေရာ၌ပင်ထိုးရပ်သွားခဲ့သည်ဟုဆိုသည်။

စစ်သားအမျာအပြားလိုက်ပါသည့် ကားတစ်စီးမှာမူ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ARAက ဆိုသည်။

Public Service Announcement

Public Service Announcement

“​ဖောကားကို တိုက်ရိုက် ထိသွားတယ်။ကျွန် တော်တို့မှန်းတာထက် စစ်ခွေးတွေသေတာများလိမ့်မယ်”ဟု ARA မှ ဗိုလ်ပေါက်စီက ပြောသည်။

ယခုလအတွင်း အရာတော်မြို့နယ် ၌ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အခြေစိုက်သည့် သလဲဘာကျေးရွာကို တော် လှန်ရေးအင်အားစုများ ဝင်ရောက်စီးနင်းတိုက်ခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။