Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ကာကွယ်​ရေးတပ်ကအ​နေအထိုင်ဆင်ချင်ရန်သတိ့​ပေး​ထားသောထီးချိုင့်တရားသူကြီးကို စစ်​ကောင်စီ ကျောက်မဲပို့

ဒေါ်မို့မို့အေး၏ မူလနေရာတွင်ထီးချိုင့်မြို့ တွဲဖက်မြို့နယ်တရားသူကြီးကို တာဝန်ပေးလိုက်သည်ဟုလည်းစစ်ကိုင်းတိုင်းတရားရေးအသိုင်းအဝိုင်းမှသိ့ရသည်။

People's Spring
People's Spring

အနေအထိုင်ဆင်ခြင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးထားသည့် ထီးချိုင့်မြို့နယ် တရားသူကြီးဒေါ်မို့မို့အေးကို ကျောက်မဲမြို့သို့ အာဏာသိမ်းစစ်ကောင်စီက ရွှေ့ပြောင်းလိုက်သည်။

ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေးကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တွဲဖက် မြို့နယ်တရားသူကြီးအဖြစ် စစ်ကောင်စီက ယခုရက်ပိုင်း ရွှေ့ပြောင်းမိန့်ထုတ်ပြန်သည်ဟု တရားရေးအသိုင်းအဝိုင်းက People’s Spring သို့ပြောသည်။

ဒေါ်မို့မို့အေး၏ မူလနေရာတွင်ထီးချိုင့်မြို့ တွဲဖက်မြို့နယ်တရားသူကြီးကို တာဝန်ပေးလိုက်သည်ဟုလည်းစစ်ကိုင်းတိုင်းတရားရေးအသိုင်းအဝိုင်းမှသိ့ရသည်။

ဒေါ်မို့မို့အေးသည် အမှုများကို လာဘ်ငွေများယူ၍ အမိန့်ချခြင်း ၊မတရားသဖြင့် ဖမ်းဆီးခံရသူများကို အမိန့်ချခြင်း၊အမှုသည်များကို ခြိမ်းခြောက် အကြပ်ကိုင်ငွေညှစ်ခြင်း ၊စစ်ကောင်စီ တရားရေးထောက်တိုင်အဖြစ် ယခုထိ တာဝန်ထမ်းဆောင်နေသည်ကို သိရှိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဒေါ်မို့မို့အေးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားရေးထောက်တိုင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါက ပုန်းနေသည့် နေရာအထိ လိုက်ခံ အပြစ်ပေးမည်ဟု Tigyaing Revolution -TRက ဒီဇင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ သတင်းပေးနှင့် ဒေါက်တိုင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိ့​ပေးကတည်းကဒေါ်မို့မို့အေးသည် ထီးချိုင့်မြို့၌ မနေဘဲ စစ်ကိုင်းတိုင်း တရားရေးဌာန ဝန်ထမ်းအိမ်ယာတွင် တိမ်းရှောင်နေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။