Connect with us

Hi, what are you looking for?

News

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကြို့ပင်ကောက် PDFတို့ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်များက ကြို့ကိုးပင်ရွာအတွင်း ဝင်ရောက်သောင်းကျန်းရာတွင် ကြို့ကိုးပင်ရွာသား ကိုသန်းတိုးအောင်၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူသုံးဦးကိုလည်း ဖမ်းဆီးထားကြောင်း GBK – PDF တာဝန်ရှိသူက ပြောသည်။

–ထိတွေ့တိုက်ပွဲဖြစ်ချိန် တစ်နာရီခန့်ကြာ

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်အတွင်းရှိ ကြို့ကိုးပင်ကျေးရွာအနီး ယမန်နေ့(ဒီဇင်ဘာ ၁၂)ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBK – PDF)က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ညနေ ၆ နာရီခန့်တွင် အင်းမအ​ခြေစိုက် တပ်မ(၆၆)လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာသို့ ဝင်ရောက်ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးရာမှ တိုက်ပွဲပွားခဲ့ခြင်းဖြစ်ကြောင်း GBK-PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ကြို့ကိုးပင်ဆိုတဲ့ရွာလေးကို စစ်ကောင်စီတပ်က အင်အား ၉၀ ကျော်လောက်နဲ့ ရောက်လာတယ်။ လာတယ်ဆိုတာက အဲဒီရွာလေးမှာ ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်ဆိုတဲ့သတင်းနဲ့ ရောက်လာတယ်လို့ သိရတယ်။ ပြီးတော့ သူတို့က ရွာကိုမွှေရာက တိုက်ပွဲစဖြစ်တာလို့ ပြောရမှာပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များက ကြို့ကိုးပင်ရွာအတွင်း ဝင်ရောက်သောင်းကျန်းရာတွင် ကြို့ကိုးပင်ရွာသား ကိုသန်းတိုးအောင်၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူသုံးဦးကိုလည်း ဖမ်းဆီးထားကြောင်း GBK – PDF တာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ ကျေးရွာလူထုအား စစ်ကောင်စီတပ်မှ နိုင်ထက်စီးနင်းပြုလုပ်နေသည်ကို မကျေနပ်သောကြောင့် စစ်ကောင်စီတပ်များ တပ်စွဲထားရာ ကြို့ကိုးပင်ရွာအနီးလာရောက်၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ထိတွေ့ချိန် တစ်နာရီဝန်းကျင်လောက် ကြာပါတယ်။ ကျွန်တော်တို့ဘက်ကကျတော့ လက်နက်အင်အားအစမတန်ကွာလွန်းပါတယ်။ ဒါ့ကြောင့်မိုလို့ ကျွတော်တို့က ပြောက်ကျားအနေနဲ့ပဲ တိုက်ခိုင်ခြေမှုန်းရပါတယ်”ဟု GBK-PDF တာဝန်ရှိသူက တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ယနေ့(ဒီဇင်ဘာ ၁၃)နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားရာ ပဲခူးရိုးမတောင်ခြေ ကြို့ကိုးပင်ရွာသို့ တပ်မ(၆၆)မှ ဗျူးဟာမှူးကိုယ်တိုင် ရောက်ရှိနေသည်ဟု သိရပြီး ကြို့ကိုးပင်အနီးဝန်းကျင်မှ ထွက်တိုးနှင့် ဝိုင်း စသည့်ကျေးရွာများကိုပါ စစ်ကောင်စီဘက်က တပ်ဖြန့်ထားရန် စီစဥ်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GBK-PDF)ဝင်များအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံဘေးကင်းသည့်နေရာသို့ ပြောင်းရွှေ့ရောက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်၏လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းရယူလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။