Connect with us

Hi, what are you looking for?

News

အရာ​တော်က ကဲဘာနှင့် ​ကျောက်ကုန်းရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်များက မီးရှို့ဖျက်ဆီး​နေ

ကဲဘာရွာအား မီးရှို့နေစဉ် တပြိုင်နက်ထဲ၌ သလဲဘာကျေးရွာမှာ ကျန်ခဲ့သည့် စစ်သားနှင့် ပျူစောထီးများကလည်း မူးမြစ်သာခြားသော တဖက်ကမ်းရှိ ကျောက်ကုန်းရွာသို့ သွားရောက်၍ နေအိမ်အချို့ကို မီးရှို့နေကြောင်းသိရသည်။

အရာတော်မြို့နယ် သလဲဘာ‌ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကဲဘာရွာနှင့်ကျောက်ကုန်းရွာအား မီးတင်ရှို့ဖျက်ဆီးနေကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီကစ၍ သလဲဘာကျေးရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ခန့်သည် ကဲဘာရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ​ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့နေသည်။

“မနက်ကတည်းက ရွာကိုဝင်လာတာ။အကုန်လုံးထွက်ပြေးနေရတာပေါ့ဗျာ။အိမ်ဘယ်နှလုံးပါသွားပြီလဲ တော့ မသိသေးဘူး”ဟု ကဲဘာရွာနေသူတစ်ဦးက ပြောသည်။

ကဲဘာရွာအား မီးရှို့နေစဉ် တပြိုင်နက်ထဲ၌ သလဲဘာကျေးရွာမှာ ကျန်ခဲ့သည့် စစ်သားနှင့် ပျူစောထီးများကလည်း မူးမြစ်သာခြားသော တဖက်ကမ်းရှိ ကျောက်ကုန်းရွာသို့ သွားရောက်၍ နေအိမ်အချို့ကို မီးရှို့နေကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

သလဲဘာရွာသည် ပျူစောထီးများအားကောင်းသည့် ရွာဖြစ်သောကြောင့် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုများက ဒီဇင်ဘာ ပထမပတ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးခြောက်ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် ပျူစောထီးများသည် အကြမ်းဖက်စစ် ကောင်စီတပ်အားခေါ်ယူကာ ဒေသတွင်း အကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook