Connect with us

Hi, what are you looking for?

News

လေးကေ့ကော်မြို့သစ်တစ်၀ိုက် အာဏာသိမ်းစစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ဝင်​ရောက်ရှာဖွေ

ကရင်ဒေသခံတစ်ဦးက စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများရှိဟု ပြောသည်။

—ဒီချုပ်အမတ်တစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းဖမ်းဆီးခံရဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် ဧရိယာသို့ အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းနေ၍ တိုက်ပွဲဖြစ်ပွားမှုများရှိလာနိုင်ကြောင်း အဆိုပါနယ်မြေ၌ ရောက်ရှိနေသူ တစ်ဦးက ပြော သည်။

ယ​နေ့( ဒီဇင်ဘာ ၁၄ရက်) နံနက် ၈နာရီခန့်မှစ၍ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်က စစ်ကြောင်း​လေးခုဖြင့် လေးကေ့ကော်မြို့သစ်ဧရိယာသို့ ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း၊ လူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖုန်း၊ အင်တာနက်လိုင်းများ ဆက်သွယ်မရဖြစ်နေကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

ဓာတ်ပုံ – ​စောတာတူး

ကရင်ဒေသခံတစ်ဦးက စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများရှိဟု ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“လေးကေ့ကော် ၂ရက်ကွက်မှာ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်အပါအဝင် ၁၁ဦး ဖမ်းခံထားရတယ်”ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ – ​စောတာတူး

လက်ရှိ အဆိုပါ ဒေသတွင် စစ်ကောင်စီတပ်များရှိသကဲ့သို့ KNU တပ်မဟာ(၆)တပ်ဖွဲ့ ဝင်များလည်းရှိနေပြီး သူ၀ိုင်း၊ကိုယ်၀ိုင်း အခြေအနေမျိုးဖြစ် ကြောင်း၊ ပစ်မိန့်မရသေး၍ တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း အဆိုပါနယ်မြေသို့ ရောက်ရှိနေသူတစ်ဦးက ယနေ့ နေ့လည်ပိုင်း၌ ပြောသည်။

ဓာတ်ပုံ – ​စောတာတူး

ဦးသိန်းစိန် အစိုးရလက်ထက်က KNUနှင့် အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဖက်သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ထားသည့် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ယခင်ကလည်း လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။