Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းက စစ်ကောင်စီကင်းပုန်းစခန်းတိုက်ခိုက်ခံရလို့ ရွာသား ၁၂ ဦးကို ဖမ်းဆီးသွား

“စရဖက ဖမ်းသွားတယ်လို့ကြားနေတယ်၊ အကုန်လုံး ရွာသားတွေက တောင်သူလုပ်ကြတာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မိတ္ထီလာခရိုင် ၊ဝမ်းတွင်းမြို့နယ် ၊အိုးမတွေ့ကျေးရွာက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံရွာသား၁၂ဦးကို ဖမ်းဆီးခံလိုက်ရပါတယ်။

ကင်ပုန်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိုးမတွေ့ကျေးရွာက ရွာသား၁၂ဦးကို ဒီဇင်ဘာလ ၁၆ရက်နေ့ ကဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စရဖက ဖမ်းသွားတယ်လို့ကြားနေတယ်၊ အကုန်လုံး ရွာသားတွေက တောင်သူလုပ်ကြတာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ၊အိုးမတွေ့ကျေးရွာ အလယ်တန်းကျောင်းအပြင်ဘက်ရှိ ဇရပ်တစ်ခုမှာ ကင်းပုန်းချထားတဲ့ စစ်ကောင် စီကင်းစခန်ဟာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook