Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNU ဝင်တိုက်

“တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ ဖြစ်စဉ်က အသေးစိတ်မသိရသေးဘူး။ အခုက ပစ်ခတ်နေတုန်းပဲ လက်နက်ကြီးသံတွေ ကြားနေရတယ်တဲ့”ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဘီးလင်းမြို့နယ် ကြသောင်းဆိပ် ကျေးရွာရှိ အာဏာ သိမ်းစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)က ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ယနေ့ မွန်းလွဲပိုင်း၌ အတည်ပြုသည်။

ကရင်သတင်းဌာန KICက KNU သထုံခရိုင် တပ်မဟာ (၁) ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာရှိ BGF စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ဝင်များက ယ​နေ့( ဒီဇင်ဘာ ၁၇ရက်) နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။ အဆိုပါ BGF စခန်းကို KNLA မှ တက်ရောက် သိမ်းပိုက်လိုက်ပြီး နှစ်ဘက်ထိခိုက်ကျ ဆုံးမှုရှိကြောင်းဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။

“တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ ဖြစ်စဉ်က အသေးစိတ်မသိရသေးဘူး။ အခုက ပစ်ခတ်နေတုန်းပဲ လက်နက်ကြီးသံတွေ ကြားနေရတယ်တဲ့”ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

BGF စခန်းကိုသိမ်းပိုက်နိုင်ခြင်းရှိမရှိ မသိရသေးကြောင်း၊ အဆိုပါစခန်းသည် ယခင်က စစ်ကောင်စီတပ်နှင့် BGF ပူးတွဲနေထိုင်ခြင်းဖြစ်ပြီး ယခုအခါ BGF တပ်ဖွဲ့သာ နေရာယူထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁) အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းကို အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းမျိုး မရှိသေးပေ။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။