Connect with us

Hi, what are you looking for?

News

ဘီးလင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNU ဝင်တိုက်

“တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ ဖြစ်စဉ်က အသေးစိတ်မသိရသေးဘူး။ အခုက ပစ်ခတ်နေတုန်းပဲ လက်နက်ကြီးသံတွေ ကြားနေရတယ်တဲ့”ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဘီးလင်းမြို့နယ် ကြသောင်းဆိပ် ကျေးရွာရှိ အာဏာ သိမ်းစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)က ဝင်ရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ယနေ့ မွန်းလွဲပိုင်း၌ အတည်ပြုသည်။

ကရင်သတင်းဌာန KICက KNU သထုံခရိုင် တပ်မဟာ (၁) ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာရှိ BGF စခန်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ဝင်များက ယ​နေ့( ဒီဇင်ဘာ ၁၇ရက်) နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။ အဆိုပါ BGF စခန်းကို KNLA မှ တက်ရောက် သိမ်းပိုက်လိုက်ပြီး နှစ်ဘက်ထိခိုက်ကျ ဆုံးမှုရှိကြောင်းဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။

“တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ ဖြစ်စဉ်က အသေးစိတ်မသိရသေးဘူး။ အခုက ပစ်ခတ်နေတုန်းပဲ လက်နက်ကြီးသံတွေ ကြားနေရတယ်တဲ့”ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

BGF စခန်းကိုသိမ်းပိုက်နိုင်ခြင်းရှိမရှိ မသိရသေးကြောင်း၊ အဆိုပါစခန်းသည် ယခင်က စစ်ကောင်စီတပ်နှင့် BGF ပူးတွဲနေထိုင်ခြင်းဖြစ်ပြီး ယခုအခါ BGF တပ်ဖွဲ့သာ နေရာယူထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁) အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းကို အဝေးမှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းမျိုး မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။