Connect with us

Hi, what are you looking for?

News

ဆန္ဒပြသူများကိုကားဖြင့်တိုက်သတ်ဖမ်းဆီးခဲ့​သောတပ်မ (၁၁)မှတပ်ဖွဲ့ဝင်များ မြင်းမူတွင်မိုင်းခွဲခံရ ၈ဦးထက်မနည်း​သေဟု ထုတ်ပြန်

အဆိုပါတိုက်ခိုက်ခံရသည့်တပ်သည် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြမှုတွင် လူငယ်များအား အကြမ်းဖက် ကားဖြင့်တိုက်ကာဖမ်းဆီးသတ်ဖြတ်ခဲ့သည့် တပ်မ(၁၁) မှ ဖြစ်နေကြောင်း Black Eagle Defence Force-MMUက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်မ (၁၁) မှတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Black Eagle Defence Force-MMUက သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၁၇ရက်)တွင် မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာနှင့် အလ္လက္ကပ္ပကျေးရွာအကြား၌ ဖြတ်သန်းလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်းသေဆုံးနိုင်ကာ ထိခိုက်ဒဏ်ရာရရှိသွားသူများလည်းရှိကြောင်း Black Eagle Defence Force-MMUက အသိပေးသည်။

အဆိုပါတိုက်ခိုက်ခံရသည့်တပ်သည် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြမှုတွင် လူငယ်များအား အကြမ်းဖက် ကားဖြင့်တိုက်ကာဖမ်းဆီးသတ်ဖြတ်ခဲ့သည့် တပ်မ(၁၁) မှ ဖြစ်နေကြောင်း Black Eagle Defence Force-MMUက ပြောသည်။

“အကြွေးလာဆပ်တဲ့သဘောပေါ့။စစ်တပ်ကို ရုပ်နဲ့နာမ်ခွဲပြီး တရားပြပေမယ့် ပညာဉာဏ်အလင်း သိမ်းဖျင်းလွန်းတာကြောင့် ငရဲလမ်းကိုပဲ လမ်းလွဲပြီး ခုန်ဆင်းသွားတယ်။” ဟု Black Eagle Defence Force MMU က ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်များပူးပေါင်းစစ်ဆင်ရေးတွင် မြင်းမူမြို့ Black Eagle Defence Force-MMU အဖွဲ့ ဦးဆောင်ပြီး Myin Mu Defence Force – MMDF၊မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့ ၊ People’s Defence Force Myinmu- MMUPDF ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်အဖွဲ့(၅)ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ် ၊ပန်းပင်ကြီးလမ်းတွင်ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက် ​သေနတ်ဖြင့်ပစ်ခတ်၍ ပြည်သူ ၅ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော်ဒဏ်ရာရရှိ​ကြောင်း NUGကထုတ်ပြန်သည်။အာဏာသိမ်းစစ်​ကောင်စီကမူ ​သေဆုံးသူမရှိဘဲ ဒဏ်ရာရသူများသာရှိသည်ဟုဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်