အမေရိကန်နိုင်ငံရောက် နယူးယောက်မြို့ရှိ မြန်မာမိသားစုများ စုပေါင်း၍ မြန်မာစစ်အာဏာရှင်အစိုးရကို အာဆီယံအတွင်း အသက်ပြန်သွင်းဖို့ ကြိုးပမ်းနေသော ကမ္ဘောဒီယားအစိုးရကို ကန့်ကွက်ရှုတ်ချသည့်ဆန္ဒပြပွဲကို ယနေ့တွင် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီယားသံရုံးရှေ့၌ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ – KyawSoe Latt/ FB 
ဓာတ်ပုံ – KyawSoe Latt/ FB
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Senသည် အာဏာသိမ်းစစ်ခေါင်းဆောင်အဖွဲ့ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်ရှိကြောင်း လေသံပစ်ပြောဆိုထားသလို ဦးဝဏ္ဏမောင်လွင်ကိုလည်း အလည်အပတ်ခရီးအဖြစ်ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးPrak Sokhonn ကို တာဝန်ပေးခန့်အပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Hun Sen က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုထားသည်။















































