Connect with us

Hi, what are you looking for?

News

လေးကေ့ကော် မေတ္တာလင်းမြိုင်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် ၅၀ခန့်သေ

တိုက်ပွဲမှသိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ ဖြစ်သည်ကို​တွေ့ရသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားတွင် ယနေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၅၀ဦးနီးပါးသေဆုံးခဲ့ကြောင်း PVTV သတင်းဌာနကဖော်ပြသည်။

လေးကေ့ကော်ဒေသ တိုက်ပွဲ ၅ ရက်မြောက်နေ့အဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ဦးနှင့် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် (၅၀) ဦးနီးပါးသေဆုံးပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများသိမ်းဆည်း ရရှိခဲ့သည်ကိုသတင်းဓါတ်ပုံနှင့်တစ်ကွတင်ဆက်ထားသည်။PVTVသည် အမျိုးသားညီညွတ်​ရေးအစိုးရကတင်ဆက်ထုတ်လွှင့်​နေ​သော သတင်းမီဒီယာဖြစ်သည်။

တိုက်ပွဲမှသိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ ဖြစ်သည်ကို​တွေ့ရသည်။

စစ်​ကောင်စီတပ်က အထိ့နာပြီး​နောက်လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဉ်များ ဝဲနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်၏ ဖလူးစခန်းကာကင်းကုန်းကို ယနေ့ ညနေပိုင်းတွင် KNLA က တက်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ၆၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ငယ် ၂၀ ရရှိခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။