Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာတွင် အကြမ်းဖက်ခဲ့သည့် စစ်​ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ၁၃ဦးသေ

“စခ(စစ်ခွေး) စစ်စစ် ၁၃ ကောင် မြေခ ခဲ့ပြီး ၂ ကောင် ပိုလီယိုဖြစ်သွားကြောင်း သတင်းကောင်းပေးလိုက်ရပါတယ်။မျက်ရည်ကြားက ခွန်အားယူနိုင်ကြပါစေ” ဟု YawEagle အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

(နှင်းခါးရွာကို စစ်​ကောင်စီတပ်က မီးထပ်ရှို့ခဲ့သည်)

နှမ်းခါးရွာသားအချို့ကို သတ်ဖြတ်ခဲ့ပြီး ရွာကိုမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၁၃ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၁၉ ရက်)နံနက်က နှမ်းခါးရွာမှ မြင်သာရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များသည် နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ ရက်က စစ်ရဟတ်ယာဥ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ခုနှစ်ဦးနှင့် PDF လူငယ်နှစ်ဦး ကျဆုံးခဲ့သည်။ ယင်းလုပ်ရပ်ကို တုန့်ပြန်သည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခ(စစ်ခွေး) စစ်စစ် ၁၃ ကောင် မြေခ ခဲ့ပြီး ၂ ကောင် ပိုလီယိုဖြစ်သွားကြောင်း သတင်းကောင်းပေးလိုက်ရပါတယ်။မျက်ရည်ကြားက ခွန်အားယူနိုင်ကြပါစေ” ဟု YawEagle အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပဒေသာမိုင်းမိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ လက်ကျန်စစ်ကြောင်းသည် စမ်းမြို့ဘက်သို့ ထွက်သွား၍ စမ်းမြို့ရွာ အနီးနား ဝန်းကျင် ပြည်သူများ အထူးဂရုစိုက် ကြရန်လည်း သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

နှမ်းခါးရွာတွင် စစ်ကောင်စီ၏ လူမဆန်ရက်စက်စွာ စစ်လေယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်မှုကြုံတွေ့ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်အာဏာရှင်တော်လှန်ရေးအတွက် NUGအစိုးရအနေနှင့် ဒေသကာကွယ်ရေး(ပကဖ)များကိုလက်နက် တပ်ဆင်ပေးမှသာ ဂန့်ဂေါမြို့နယ် အတွင်းရှိ ရပ်ရွာများနှင့် နယ်မြေစိုးမိုးမှုများကို ဆက်လက်ထိန်းသိမ်းလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း NUGအစိုးရ ထံသို့ တောင်းဆိုထားသည်။

(နှင်းခါးရွာကို စစ်​ကောင်စီတပ်က မီးထပ်ရှို့ခဲ့သည်)-

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။