Connect with us

Hi, what are you looking for?

News

ကျောက်ဝိုင်းပြင်ပမှာ အခန်းဌားပြီး ကျောက်အရောင်းအဝယ်လုပ်သူ ၂၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပြီးသူတို့ကို လဝကအက်ဥပဒေနဲ့အရေးယူထားတယ်လို့သိရပါတယ်။

မန္တလေးမြို့ ကျောက်ဝိုင်းပြင်ပမှာ နေအိမ်ငှားရမ်းပြီး ကျောက်အရောင်းအဝယ်ပြုလုပ်သူ ၂၂၈ ဦးကို စစ်ကောင်စီက ဒီနေ့မှာဝင်ရောက် ဖမ်းဆီးပြီး မန္တလေးဗဟိုအကျဉ်းထောင်ကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

သတ်မှတ်ထားတဲ့ကျောင်းဝိုင်းထဲမှာ အရောင်းအဝယ်မလုပ်လို့ဆိုကာ အောင်မြေသာစံမြို့နယ် ၁၅လမ်း ၁၆လမ်းနဲ့၈၈လမ်း၊၈၇လမ်းရှိ ခြောက်ထပ်အဆောက်အအုံမှာ အခန်းဌားပြီး We Chatက တဆင့် ကျောက်အရောင်းအဝယ်ပြုလုပ်နေသူတွေကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပြီးသူတို့ကို လဝကအက်ဥပဒေနဲ့အရေးယူထားတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ အခွန်ရရှိဖို့ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ကျောက် အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ ကျောက်ဝိုင်းအတွင်းဝင်ရောက်မပြုလုပ်ဘဲ အခုလို နေရာငှားရမ်းပြီးရောင်းချတာတွေကို လိုက်လံဖမ်းဆီးနေတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးကျောက်ဝိုင်းကိုပြီးခဲ့တဲ့ လပိုင်းတွေက တွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။