Connect with us

Hi, what are you looking for?

News

တန်ဆည်တွင် လူသတ်မီးရှို့ခဲ့​သော စစ်​​ကောင်စီတပ်ကို PDFနှစ်ဖွဲ့မိုင်းခွဲတိုက်ခိုက်၊ ထိခိုက်​သေဆုံးမှုများ

“တက်လာတဲ့အင်အား ၃၀ ကျော်မှာ ၇ ယောက်ပဲပြန်ထနိုင်တယ်။ လဲနေတဲ့သူတွေကို ကန့်ဘလူမြို့ လူမှုကူညီရေးအသင်းတစ်သင်းက လာသယ်သွားတယ်။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-တန်ဆည်)မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ယမန်နေ့က ကျေးရွာတစ်ရွာအား သောင်းကျန်းပြီးပြန်လာသောအကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းPDFနှစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၀ ရက်) နံနက် ၁၁ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ် ကျွန်းလည်ရွာသို့ဆိုင်ကယ် ၃စီး ၊ ကား ၁ စီး ၊ အင်အား ၃၀ကျော်ခန့်ဖြင့် ဝင်ရောက်လာကာပြည်သူတစ်ဦးအား ပစ်သတ်၍ နေအိမ် ၃လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ကျွန်းလည်ရွာတွင် သောင်း ကျန်းပြီးနောက် ကန့်ဘလူမြို့နယ် မိုးကောင်းရွာသို့အကူး ချောင်းတံတားတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်တန့်ဆည်မြို့နယ် PDF တပ်ရင်း(၁၀)တို့မှ ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက ထုတ်ပြန်သည်။

“တက်လာတဲ့အင်အား ၃၀ ကျော်မှာ ၇ ယောက်ပဲပြန်ထနိုင်တယ်။ လဲနေတဲ့သူတွေကို ကန့်ဘလူမြို့ လူမှုကူညီရေးအသင်းတစ်သင်းက လာသယ်သွားတယ်။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-တန်ဆည်)မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်ဘက်မှသေဆုံးထိခိုက်မှုအတိအကျမသိရသေးဘဲ ပြည်သူ့ ပကဖအဖွဲ့ဝင်များနှင့် PDF များဘေးအန္တရာယ်ကင်းကြောင်း ၎င်းတို့က အသိပေးသည်။

ဒီဇင်ဘာ ၁၉ ရက်ညက တန့်ဆည်မြို့နယ် ကျွန်းလည် နှင့် အင်ပင်သာ ရွာကြားတွင် ပျူစောထီးအဖွဲ့ဝင်များကို အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ရှင်းလင်းခဲ့ပြီးနောက် ကျွန်းလည်ရွာကို ဝင်ရောက်သောင်းကျန်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။