Connect with us

Hi, what are you looking for?

News

အရာ​တော် ၁၄ ရွာမှ​တောင်သူများ စပါး၊​​ မြေပဲရိတ်သိမ်းနိုင်​​ရေးထိန်းသိမ်း​ပေးရန် စစ်​ကောင်စီကို သံဃာ​တော်များ ​မေတ္တာရပ်ခံ

အကြမ်းဖက်စစ်ကောင်စီက အရာတော်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများတွင် PDFများရှိသည်ဟုစွပ်စွဲကာ မကြာခဏ ဝင်ရောက်ဖျက်ဆီးမီးရှိူ့မှုများပြုလုပ်နေပြီး ကျေးရွာပြောင်းပစ်မည်ဟုပင် ခြိမ်းခြောက်ထားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် တောင်သူလယ်သမားများ ရိတ်သိမ်းချိန်တန်နေသော စပါးနှင့်မြေပဲသီးနှံများ ရိတ်သိမ်းရာတွင် အန္တရာယ်ကင်းဘေးရှင်းစွာ ရိတ်သိမ်းနိုင်ရန် မေတ္တာဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် အကြမ်းဖက်စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်အား နေပြည်တော်၊ မန္တလေး၊ အမရပူရမြို့များနှင့် အဆိုပါကျေးရွာများမှ ဆရာတော်သံဃာတော်များက အထူးမေတ္တာရပ်ခံခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက အရာတော်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများတွင် PDFများရှိသည်ဟုစွပ်စွဲကာ မကြာခဏ ဝင်ရောက်ဖျက်ဆီးမီးရှိူ့မှုများပြုလုပ်နေပြီး ကျေးရွာပြောင်းပစ်မည်ဟုပင် ခြိမ်းခြောက်ထားသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဘေးရန်ကြောင့် ဒေသခံအများအပြား ကျေးရွာကိုစွန့်ကာထွက်ပြေးတိမ်းရှောင်နေရပြီး စပါးအပါအဝင်ရိတ်သိမ်းချိန်တန်သီးနှံများအားမရိတ်သိမ်းနိုင်ဘဲ ပစ်ထားကြရခြင်းဖြစ်သည်။

ထို​ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ သလဲဘာရွာ၊ အလယ်ရွာ၊ လက်ပံသာရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာ၊ ဆင်တလည်ရွာ၊ ကဲဘာရွာ၊ ညောင်ခြေထောက်ရွာ၊ ငါးကင်းရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာ၊ ရွှေစည်းခုံရွာ၊ သာစည်ရွာ၊ မင်းရွာများ၌ သီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များသည် မိမိတို့၏ရပ်ရွာအသီးသီးရှိ တောင်သူလယ်သမားများ၏ ရိတ်သိမ်းချိန်တန်နေသော စပါးနှင့်မြေပဲသီးနှံများ ရိတ်သိမ်းခြင်းကိစ္စ၌ အန္တရာယ်ကင်းဘေးရှင်းစွာ ရိတ်သိမ်းနိုင်ကြစေဖို့ တာဝန်ရှိပုဂ္ဂိုလ်များမှ မေတ္တာတရားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့စွဲဖြင့် ဆရာတော်သံဃာတော် ၁၅ ပါးကိုယ်စား နေပြည်တော် ချမ်းမြေ့မြိုင်ဆရာတော်က စစ်ကောင်စီ၏ ဝန်ကြီးချုပ်ဆိုသူထံ လိပ်မူကာ တောင်းဆိုခဲ့သည်။

မေတ္တာရပ်ခံတောင်းဆိုသည့် ဆရာတော်သံဃာတော်များမှာ အမရပူရမြို့ မဟာဂန္ဓာရုံနာယကချုပ်ဆရာတော်၊ မန္တလေးမြို့ မဟာမြိုင်နာယကချုပ်ဆရာတော်၊ နေပြည်တော် ချမ်းမြေ့မြိုင်ဆရာတော်၊ သလဲဘာရွာ နေမိန္ဒာရာမတောရကျောင်း၊ သရက်ချို ကျောက်ကုန်းရွာ ဓမ္မိကာရာမကျောင်းဆရာတော်၊ ရွှေစည်းခုံရွာကျောင်း ဆရာတော်၊ သာစည်ကျောင်းဆရာတော်၊ မင်းရွာကျောင်းဆရာတော်၊ဆင်တလည်ရွာ ရွှေဥမင်ကျောင်းဆရာတော်၊ ကဲဘာရွာ ဇေယျာရွှေမြေကျောင်းဆရာတော်၊ထိန်ကံရွာ ပုဗ္ဗာရုံကျောင်းဆရာတော်၊ ညောင်ခြေထောက်ရွာ မြသိန်းတန်ကျောင်းဆရာတော်၊ ငါးကင်းရွာ ရွှေကျောင်းဆရာတော်၊ အနောက်မင်းရွာ ကံသာကျောင်းဆရာတော်၊ ရွာသာရွာတောရကျောင်းဆရာတော်တို့ ဖြစ်ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။